Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ယောယာကာတာပြည်နယ်၌ ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်စဉ်အတွင်း လူ ၁၃ ဦး သေဆုံး ၊ ၈ ဦး ဒဏ်ရာရ

ဂျကာတာ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ယောယာကာတာပြည်နယ်၌ ဖေဖော်ဝါရီ ၆ ရက်တွင် ဖြစ်ပွားခဲ့သည့် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်စဉ်အတွင်း လူ ၁၃ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားအဆင့် ရှာဖွေကယ်ဆယ်ရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ Yusuf Latief က တယ်လီဖုန်းဖြင့် ဆင်ဟွာသို့ ပြောကြားခဲ့သည်။ယင်းဖြစ်စဉ်သည် ဒေသစံတော်ချိန် ၁၃ နာရီခန့်(ဂရင်းနစ်စံတော်ချိန် ၀၆၀၀)တွင် Bantul ခရိုင်၌ ဖြစ်ပွားခဲ့ပြီး ယာဉ်မတော်တဆမှု ဖြစ်စဉ်တွင် ထိခိုက်သေဆုံး/ထိခိုက်သူများအားလုံးအား အခင်းဖြစ်ပွားရာအနီးရှိ ဆေးရုံ သုံးရုံသို့ အလျှင်အမြန် ပို့ဆောင်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Yusuf Latief က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ယောယာကာတာပြည်နယ် Bantul ခရိုင်၌ ဖေဖော်ဝါရီ ၆ ရက်တွင် ကယ်ဆယ်ရေးသမားများက ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် နေရာ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေစဉ် (Basarnas Yogyakarta/Handout via Xinhua)

ဘတ်စ်ကားပေါ်တွင် စုစုပေါင်း ခရီးသည် ၄၀ ဦး လိုက်ပါလာခဲ့ပြီး ယင်းခရီးသည်များသည် အထည်အလိပ်လုပ်ငန်းတစ်ခုမှ အလုပ်သမားများ ဖြစ်ကြကာ ဂျဗားကျွန်း တောင်ဘက်ကမ်းရိုးတန်းရှိ Parangtritis ခရီးသွားနေရာသို့ ခရီးသွားလာရန် စီစဉ်ထားသူများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် တစ်ဦးမှာ ကလေးငယ် တစ်ဦး ဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရသူ လေးဦး ရှိကြောင်း နှင့် အခြားသူ လေးဦးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောယာကာတာပြည်နယ်ရှိ ရှာဖွေကယ်ဆယ်ရေးရုံးက ပြန်ကြားရေးအရာရှိ Pipit Eriyanto က ဆင်ဟွာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။

Bantu ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲက ခန့်အပ်ထားသည့် အကြီးတန်းကော်မရှင်နာ Ihsan ဆိုသူက ယင်းဘတ်စ်ကားသည် အဆင်းလမ်းတစ်လမ်းအား ဖြတ်သန်းသွားလာစဉ် ယာဉ်မောင်းနှင်သူသည် ဘတ်စ်ကားအား အရှိန်မထိန်းချုပ်နိုင်ဘဲ ညာဘက်ခြမ်းရှိ မြင့်မားသည့် မြေနံရံအား ဝင်တိုက်မိခဲ့ကြောင်း ပြောကြားခဲ့သည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအပါအဝင် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခြင်းအား လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

2nd LD Writethru: 13 killed, 8 injured in bus accident in Indonesia’s Yogyakarta

JAKARTA, Feb. 6 (Xinhua) — Thirteen people were killed and eight others wounded in a bus accident in Indonesia’s Yogyakarta province on Sunday, Spokesman for the National Search and Rescue Office Yusuf Latief told Xinhua over phone.

The accident occurred in Bantul district at about 13:00 local time (0600 GMT), and all the victims were rushed to three nearby hospitals, the spokesman said.

A total of 40 passengers were aboard the bus, and the passengers were workers of a textile firm who planned to have a journey to the Parangtritis tourist destination in the southern coast of Java island, the spokesman said.

One of the casualties was a child, and four people suffered serious wounds and four others got moderate and light injuries, Pipit Eriyanto, press officer at the Search and Rescue Office in Yogyakarta, told Xinhua over phone.

Police chief in Bantul District named only senior commissioner Ihsan said that the driver could not control the bus when it was passing through a downside road and hit a higher ground at the right side.
Police have been carrying out an investigation, including the cause of the fatal accident, he told reporters. Enditem

Photo 1 – Photo taken with a mobile phone shows National Search and Rescue Agency (Basarnas) Yogyakarta members trying to evacuate victims after a bus accident in Bantul district, Yogyakarta, Indonesia, Feb. 6, 2022. Thirteen people were killed and eight others wounded in a bus accident in Indonesia’s Yogyakarta province on Sunday, spokesman for the National Search and Rescue Office Yusuf Latief told Xinhua. (Basarnas Yogyakarta/Handout via Xinhua)

Photo 2 – Photo taken with a mobile phone shows National Search and Rescue Agency (Basarnas) Yogyakarta members trying to evacuate victims after a bus accident in Bantul district, Yogyakarta, Indonesia, Feb. 6, 2022. Thirteen people were killed and eight others wounded in a bus accident in Indonesia’s Yogyakarta province on Sunday, spokesman for the National Search and Rescue Office Yusuf Latief told Xinhua. (Basarnas Yogyakarta/Handout via Xinhua)