Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံရှိ အိမ်ထောင်စု သန်း ၂၀ အတွက် အစားအစာထောက်ပံ့ကြေးအစီအစဉ် ဝန်ကြီးချုပ် ကြေညာ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော အမျိုးသမီးတစ်ဦးအား ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အစ္စလာမ်မာဘတ်၊ မတ် ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) က အိမ်ထောင်စု သန်း ၂၀ အတွက် နေ့စဉ်သုံးပစ္စည်း ၃၀ ရာခိုင်နှုန်းကို လစဉ်ပံ့ပိုးမှုပေးမည့် အစားအစာထောက်ပံ့ကြေးအစီအစဉ်တစ်ရပ်ကို မတ် ၇ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော လူတန်းစားများအတွက် ရည်မှန်းထားသော ထောက်ပံ့ကြေးအစီအစဉ်အရ ဂျုံ၊ ဟင်းချက်ဆီနှင့် အခြားအရာများအတွက် လိုအပ်သောငွေကြေးများကို သိသိသာသာ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

Ehsaas (ထောက်ပံ့ကြေး) Riyayat Ration အစီအစဉ် ကြေညာခြင်း အခမ်းအနား၌ ခန်းက Ehsaas အစီအစဉ်အား ကျေးဇူးတင်ကြောင်းနှင့် နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ehsaas အစီအစဉ်၏ အလားအလာများအား မီးမောင်းထိုးပြလျက် ယင်းအစီအစဉ်အရ ငွေကြေးကူညီမှု၏ ၉၈ ရာခိုင်နှုန်းသည် လိုအပ်ချက်ရှိသော အမျိုးသမီးများအကြား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“အမျိုးသမီးတွေအတွက် အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ခဲ့ဘူးဆိုရင် အောင်မြင်မှုရမှာမဟုတ်ဘူး” ဟု ဝန်ကြီးချုပ်က ဖြည့်စွက်ပြောခဲ့သည်။

လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Ehsaas အစီအစဉ်သည် “နိုင်ငံတကာ သိမှတ်ထားသည်အတိုင်း ကပ်ရောဂါကြောင့် ထိခိုက်ခံစားရသူများကို ငွေကြေးထောက်ပံ့ပေးခဲ့သည်ကို ကျေနပ်နှစ်သက်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူများအနေဖြင့်လည်း အခွန်များပေးဆောင်ကြရန် တိုက်တွန်းခဲ့ကြောင်းနှင့် အဆိုပါငွေကြေးအားလုံးမှာ ၎င်းတို့၏ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ (Xinhua)

…………………
(English Version)

Pakistani PM announces food subsidy program for 20 mln households
Source: Xinhua| 2022-03-07 19:29:45|Editor: huaxia

ISLAMABAD, March 7 (Xinhua) — Pakistani Prime Minister Imran Khan here on Monday launched a food subsidy program to provide a monthly subsidy of 30 percent on daily use commodities to 20 million households.
Under the targeted subsidy for the middle and lower middle class, the prices of flour, cooking oil among others will be considerably reduced, the Prime Minister’s Office said in a statement.
Addressing the launching ceremony of the Ehsaas (compassion) Riyayat Ration Scheme, Khan appreciated the Ehsaas program and said that its focus is to alleviate poverty in the country.
Highlighting the prospects of Ehsaas, he said that 98 percent of the financial assistance under the program was disbursed among needy women, the prime minister was quoted as having said.
“A country could not prosper unless the resources are invested on women, particularly in education and health sector,” the prime minister added.
He also expressed satisfaction that the Ehsaas program for socio-economic development provided financial assistance to “deserving people in pandemic, which was acknowledged internationally.”
The prime minister urged the public to pay taxes and said that all such money would be spent on their welfare and development. ■

Photo : A woman receives a dose of COVID-19 vaccine in Karachi, Pakistan, Feb. 9, 2022. (Str/Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.