North America
ရုရှားမှ လောင်စာဆီ တင်သွင်မှုများကို အမေရိကန်က ပိတ်ပစ်လိုက်စဉ် ဈေးနှုန်းခုန်တက်
နယူးယောက် ၊ မတ် ၉ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံမှ လောင်စာစွမ်းအင်တင်သွင်းမှုများကို ပိတ်ပင်တားမြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာလိုက်ခြင်းကြောင့် မတ် ၈ ရက်တွင် ဆီဈေးနှုန်း ခုန်တက်သွားခဲ့ကြောင်း သိရသည်။ကမ္ဘာ့လောင်စာဆီဈေးနှုန်း စံသတ်မှတ်ချက်အဖွဲ့ West Texas Intermediate (WTI) က ဧပြီလအတွက် ဈေးနှုန်းထုတ်ပြန်ရာတွင် နယူးယောက်မြို့ ကုန်စည်ဖလှယ်မှုပေါက်ဈေးအရ ရေနံတစ်စည်ကို အမေရိကန် ဒေါ်လာ ၁၂၃.၇၀ ထိထုတ်ပြန်ထားပြီး ၄. ၃၀ ဒေါ်လာ သို့မဟုတ် ၃.၉ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဖြစ်ကာ ယင်းပမာဏသည် ၂၀၀၈ ခုနှစ် ဩဂုတ်လနောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း Dow Jones ဈေးကွက်အချက်အလက်အရ သိရသည်။
ဘရန့်ရေနံစိမ်း၏ မေလအတွက် ဈေးနှုန်းတိုးမြင့်မှုသည် လန်ဒန်မြို့ ICE ကုန်စည်ဖလှယ်မှုပေါက်ဈေးတွင် အမေရိကန်ဒေါ်လာ ၄.၇၇ သို့မဟုတ် ၃.၉ ရာခိုင်နှုန်းရောက်ရှိမည်ဖြစ်ရာ တစ်စည်လျှင် ပေါက်ဈေးအမေရိကန်ဒေါ်လာ ၁၂၇.၉၈ ထိ ရောက်ရှိသွားမည်ဖြစ်ပြီး ၂၀၀၈ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံး ပမာဏဖြစ်ကြောင်း သိရသည်။
ယူကရိန်းနိုင်ငံတွင် ရုရှားက ၎င်း၏ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေခြင်းအပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်သည် ရုရှားနိုင်ငံမှ လောင်စာဆီ ၊ ဓာတ်ငွေ့အရည် စသည့် စွမ်းအင်တင်သွင်းမှုကို ပိတ်ပင်တားမြစ်ကြောင်း မိန့်တစ်ရပ်ကို မတ် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် ဥရောပသမဂ္ဂကလည်း ရုရှားနိုင်ငံမှ ရုပ်ကြွင်းလောင်စာ မှီခိုအားထားနေရခြင်းကို လျှော့ချရန် အစီအစဉ်တစ်ရပ်အား ထုတ်ပြန်ခဲ့သည်။
ရုရှား-ယူကရိန်း ပဋိပက္ခစစ်ပွဲကြောင့် အဓိက လောင်စာတင်ပို့နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှားမှ စွမ်းအင်တင်ပို့မှု ဟန့်တားလာမည်ကို စိုးရိမ်ပူသည့်အတွက် ကမ္ဘာ့လောင်စာဆီဈေးနှုန်းသည် မကြာသေးခင်က တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။
“ ရုရှားစွမ်းအင်တင်ပို့မှု နဲ့ ပို့ကုန်တွေအပေါ် ကြီးမားတဲ့ ကန့်သတ်ချက်တွေက ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်အတွက် အရေးပါတဲ့ စိန်ခေါ်မှုတွေဖြစ်လာတယ်” ဟု မတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် UBS ၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။(Xinhua)
——————————
(English Version)
Oil prices jump amid U.S. ban of Russian imports
NEW YORK, March 8 (Xinhua) — Oil prices surged again on Tuesday as the United States announced a ban on energy imports from Russia.
The West Texas Intermediate (WTI) for April delivery added 4.30 U.S. dollars, or 3.6 percent, to settle at 123.70 dollars a barrel on the New York Mercantile Exchange, its highest finish since August 2008, according to Dow Jones Market Data.
Brent crude for May delivery increased 4.77 dollars, or 3.9 percent, to close at 127.98 dollars a barrel on the London ICE Futures Exchange, its highest settlement since July 2008.
U.S. President Joe Biden on Tuesday announced the imposition of an energy embargo on Russia, banning U.S. imports of oil, liquified natural gas and coal from Russia over its ongoing military operations in Ukraine.
Elsewhere, the European Union unveiled a plan to reduce its dependency on Russian fossil fuels.
Oil prices have soared recently as the Russia-Ukraine conflict prompted fears about energy supply disruptions from key exporter Russia.
“Larger curtailments of Russian energy supply and exports represent significant challenges for global energy markets,” analysts at UBS said Tuesday in a note.
A man fuels a car at a gas station in Arlington, Virginia, the United States, on March 8, 2022. (Xinhua/Liu Jie)