Connect with us

Media

ဆေးရုံပေါက်ကွဲမှု၊ အစ္စရေး တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းတစ်ခွင် ဆန္ဒပြမှုများကြားမှ အစ္စရေးကို စစ်ရေးအထောက်အပံ့ပေးမည်ဟု အမေရိကန် ကတိပြု

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့ အစ္စရေး၌ အောက်တိုဘာ ၁၈ ရက်က တွေ့ဆုံခဲ့ပြီး ဂါဇာဒေသတွင် ဟားမက်စ်နှင့်လည်းကောင်း၊ လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာနှင့်လည်းကောင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း အမေရိကန်က “မကြုံဖူးသော” စစ်ရေးအကူအညီ ပေးအပ်ရန် သဘောတူခဲ့ကြသည်။

ဂျော်ဒန်နိုင်ငံတွင် ပြုလုပ်မည့် အာရပ်ထိပ်သီးအစည်းအဝေး ပယ်ဖျက်လိုက်ပြီးနောက် ဝါရှင်တန်သို့ ပြန်မည့် ဘိုင်ဒန်က အစ္စရေး၌ ခေတ္တရောက်ရှိနေစဉ်အတွင်း အောက်တိုဘာ ၁၇ ရက်က Al-Ahli Arabi ခရစ်ယာန်ဆေးရုံ ပေါက်ကွဲမှုသည် “အခြားအဖွဲ့” ကြောင့်ဖြစ်ကြောင်း၊ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း ပင်တဂွန်ထောက်လှမ်းရေးအဖွဲ့က ဖော်ပြထားသည်ဟု ဆိုသည်။ ဟားမက်စ်အဖွဲ့ကမူ လူ ၄၇၁ ဦးထက်မနည်း သေဆုံးခဲ့သော ဆေးရုံပေါက်ကွဲမှုမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ခြင်းကြောင့် ဆေးရုံတိုက်ခိုက်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ ဟားမက်စ်အဖွဲ့ဝင် နှစ်ဦးကြား ဆွေးနွေးထားသော ကြားဖြတ်သတင်းပေးပို့ချက်များကို အစ္စရေးက ထုတ်ပြန်ခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က သတင်းစာရှင်းလင်းပွဲအတွင်း ထိုအသံဖိုင်ကို ဖော်ပြခဲ့ပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ အစ္စရေးတာဝန်ရှိမှုကို ငြင်းဆိုခဲ့ကာ Palestinian Islamic Jihad (PIJ) ၏ ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ရခြင်းကြောင့်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

အဆိုပါ အသံဖိုင်တွင် လူပုဂ္ဂိုလ်နှစ်ဦးက အာရေဗီဘာသာစကားဖြင့် တယ်လီဖုန်းပြောဆိုခြင်းကို ကြားနိုင်သည်။ ထိုသို့ပြောဆိုရာတွင် ဂါဇာဒေသရှိ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော PIJ ၏ ဒုံးကျည်ပစ်ခတ်မှု မအောင်မြင်ရခြင်းကြောင့် ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့်အကြောင်းကို လူပုဂ္ဂိုလ်တစ်ဦးက အခြားသူတစ်ဦးအား အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Hagari ၏ အဆိုအရ မီးလောင်လွယ်သော တွန်းကန်ပစ္စည်းများ တင်ဆောင်ထားပြီး ပစ်ခတ်မှု မအောင်မြင်ခဲ့သော ဒုံးကျည်ကို ဆေးရုံအနီးမှ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမက်စ်စစ်ပွဲ စတင်ချိန်မှစ၍ ဂါဇာရှိ စစ်သွေးကြွများက မအောင်မြင်ခဲ့သော ဒုံးကျည်ပစ်ခတ်မှု ၄၅၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း Hagari က ဆိုသည်။ (Xinhua)

………………………………
(English Version)
U.S. pledges military support to Israel as protests erupt across Mideast over hospital blast, Israeli attacks
JERUSALEM, Oct. 18 (Xinhua) — Israeli Prime Minister Benjamin Netanyahu on Wednesday met with U.S. President Joe Biden in Israel, where they agreed on “unprecedented” U.S. military assistance to Israel in its ongoing conflict with Hamas in Gaza and Hezbollah in Lebanon.
Biden, who travelled back to Washington in the afternoon after a pre-scheduled four-way Arab summit in Jordan was canceled, said during his brief stay that Pentagon intelligence indicates that the blast on the Al-Ahli Arabi Baptist Hospital on Tuesday was caused by “the other team” and not an Israeli airstrike. The Palestinian Islamic Resistance Movement (Hamas) said Israeli airstrikes caused the explosion in the hospital that killed at least 471.
Israel released intercepted communications between two Hamas operatives discussing how the hospital was struck by a failed rocket fire.
Israel Defense Forces (IDF) Spokesman Daniel Hagari presented the audio recording during a press briefing, denying Israeli responsibility for the blast and accusing the Palestinian Islamic Jihad (PIJ) of a failed rocket launch.
In the audio, two individuals can be heard conversing in Arabic over a phone call. During the conversation, one person informs the other that the explosion resulted from a rocket misfire by the PIJ, an armed group in Gaza.
According to Hagari, the failed rocket, carrying an ignited propellant load, was fired from near the hospital.
According to Hagari, since the beginning of the Israel-Hamas war on Oct. 7, militants in Gaza carried out 450 failed rocket launches.