Politics, Law & Military
COVID-19 ကြောင့် တစ်လကြာ ပိတ်ထားသော တရုတ်နိုင်ငံ၏ နန်ကျင်းလေဆိပ် ပြန်လည်ဖွင့်လှစ်

နန်ကျင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရှေ့ပိုင်း Jiangsu ပြည်နယ်၊ နန်ကျင်းလုခို အပြည်ပြည်ဆိုင်ရာလေဆိပ် အား တစ်လနီးပါးကြာပိတ်ထားပြီးနောက် သြဂုတ် ၂၆ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ယင်းလေဆိပ်မှ လေယာဉ်ခရီးစဉ်အမှတ် MU2923 သည် ရှန်ဒေါင်းပြည်နယ်၊ Qingdao မြို့သို့ နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် ဦးတည် ထွက်ခွာသွားသည်။ COVID-19 ပြန်လည်ဖြစ်ပွားပြီးနောက် ပိတ်ထားရသော ယင်းလေဆိပ်အား သြဂုတ် ၂၆ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်လေယာဉ်ပျံသန်းမှုဖြစ်ကြောင်း သိရသည်။
ဇူလိုင်လကုန်ကတည်းက ဒေသအာဏာပိုင်များက လေဆိပ်၌ ပျံသန်းမှုအားလုံး ကိုဖျက်သိမ်းခဲ့သည်။ နန်ကျင်းလေဆိပ်၌ ပုံမှန် COVID-19 စမ်းသပ်စစ်ဆေးစဉ် သန့်ရှင်းရေးအလုပ်သမားအချို့တွင် ရောဂါပိုးတွေ့ရှိခဲ့ရာ ဇူလိုင် ၂၀ ရက်တွင် အစုလိုက်အပြုံလိုက်ကူးစက်မှုသစ်တစ်ခု စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
နန်ကျင်းမြို့၌ COVID-19 ဖြစ်နိုင်ချေ များသော နေရာများနှင့် အလယ်အလတ်ဖြစ်နိုင်ချေရှိသောနေရာများ အားလုံးကို သြဂုတ် ၁၉ ရက်တွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)
China’s Nanjing airport reopens after month-long closure over COVID-19
NANJING, Aug. 26 (Xinhua) — Nanjing Lukou International Airport, in east China’s Jiangsu Province, reopened on Thursday morning after a closure of nearly one month.
Flight MU2923 from the airport to the city of Qingdao, Shandong Province, took off at around 10:16 a.m. Thursday, making it the first passenger plane that resumed operation after a COVID-19 resurgence at the airport.
Local authorities have canceled all flights at the airport since the end of July.
A new cluster of infections began to emerge on July 20 when a few cleaners at the Nanjing airport tested positive during routine testing.
Nanjing cleared all medium and high-risk areas for COVID-19 on Aug. 19. Enditem