Connect with us

Economy

မြန်မာနိုင်ငံက ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်းပြသမည်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ လာရောက်ကြသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည့် ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံက ပြခန်းပေါင်း ၈၄ ခန်း ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် MRTV ရုပ်သံလိုင်းက စက်တင်ဘာ ၂၂ ရက်တွင် ထုတ်လွှင့်ဖော်ပြခဲ့သည်။ယင်းကုန်စည်ပြပွဲ၌ မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးကဏ္ဍ၊ အာရေဗီကာကော်ဖီ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း ၈၄ ခန်းဖြင့် ပါဝင်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲအား ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုအကျိုးကျေးဇူး ရရှိရန် တရုတ်-အာဆီယံ လွတ်လပ်သည့် ကုန်သွယ်မှုဒေသ ၃ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်နှင့် တရုတ်-အာဆီယံဒေသအတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်သို့ မြန်မာနိုင်ငံ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့ နှင့် ပြခန်း ပြသမည့် တာဝန်ခံလုပ်ငန်းရှင် ၁၀၄ ဦး သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
————————
Myanmar to showcase 84 booths at 21st China-ASEAN Expo in China
YANGON, Sept. 22 (Xinhua) — Myanmar will showcase 84 booths at the 21st China-ASEAN Expo in Nanning, south China’s Guangxi Zhuang Autonomous Region, from Sept. 24 to 28, the state-run Myanmar Radio and Television reported on Sunday.
The booths will display a variety of products, including rice, Arabica coffee, aquatic products, fruits, tea, spices, woodwork, handicrafts, and gems, the report said.
The expo aims to strengthen friendships and trade benefits, promote the development of the version 3.0 China-ASEAN Free Trade Area and boost high-quality development of the China-ASEAN region, it added.
More than 100 people, including businesspeople and officials from the National University of Culture and Arts in Yangon, will participate in the event, the report said. ■
Photo – People visit the 20th China-ASEAN Expo at Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 17, 2023. The opening ceremony of the 20th China-ASEAN Expo and China-ASEAN Business and Investment Summit was held on Sunday in Nanning. (Xinhua/Zhou Hua)