Connect with us

Politics, Law & Military

အမျိုးသားနေ့အားလပ်ရက်အတွင်းတရုတ်ရေတပ်သင်္ဘောများကို အများပြည်သူဝင်ရောက်လေ့လာနိုင်ရန် ဖွင့်လှစ်

ချင်းသောင်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် တရုတ်ရေတပ်သင်္ဘောများကို အများပြည်သူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရန် အောက်တိုဘာ ၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အများပြည်သူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည့်ရက်မှာ အောက်တိုဘာ ၃ ရက်အထိဖြစ်ကြောင်း၊ အမျိုးသားနေ့အားလပ်ရက်အတွင်း တရုတ်ရေတပ်သင်္ဘောများကို လူအမြောက်အမြား လာရောက်လေ့လာရန် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်ထံမှ သိရသည်။

ဝင်ရောက်လေ့လာရန် ဖွင့်လှစ်ထားသော သင်္ဘောများအားလုံးသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲ သင်္ဘောများဖြစ်ပြီး တရုတ်နိုင်ငံတွင် သီးခြားလွတ်လပ်စွာ ပုံစံထုတ်လုပ်၍ တည်ဆောက်ထားသော သင်္ဘောများဖြစ်သည်။
အဆိုပါ သင်္ဘောများကို လာရောက်လေ့လာသူအရေအတွက်မှာ အောက်တိုဘာ ၁ ရက် ညနေလေးနာရီအချိန်ထိ ၄၀,၀၀၀ ကျော်ရှိကြောင်း၊ အားလပ်ရက်သုံးရက်တာကာလအတွင်း လေ့လာသူ ၁၂၀,၀၀၀ ကျော် ရှိမည်ဟု ခန်းမှန်းထားကြောင်း သိရသည်။

PLA ရေတပ်အနေဖြင့် အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တို့တွင်လည်း အလားတူအစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————–
(English Version)
Chinese naval ships open to public tours during National Day holiday

QINGDAO, Oct. 1 (Xinhua) — A batch of Chinese naval ships were open to public tours on Tuesday in the coastal city of Qingdao, Shandong Province, as the country celebrates the 75th founding anniversary of the People’s Republic of China.
The open days will continue until Thursday. This is the first time Chinese naval ships have been open to the public on a large scale during the National Day holiday, according to the Chinese People’s Liberation Army (PLA) Navy.
The ships on display are all active-duty vessels that were independently designed and built in China.
By 4 p.m. Tuesday, over 40,000 people had visited the ships. More than 120,000 visitors are expected during the three days.
The PLA Navy is also hosting similar open days in south China’s Guangdong Province and the Guangxi Zhuang Autonomous Region during the National Day holiday.
Photo 1: A naval soldier guides visitors in a tour on board a military vessel during an open day activity in Qingdao of east China’s Shandong, Oct. 1, 2024. (Xinhua/Li Bingxuan)
Photo 2: Children learn flag language during an open day activity of Chinese naval ships at a port in Qingdao of east China’s Shandong Province, Oct. 1, 2024. (Xinhua/Li Bingxuan)