Connect with us

Science & Technology

တရုတ်နိုင်ငံ ပြည်တွင်းထုတ် AG600 ကုန်း၊ ရေ နှစ်သွယ်သွား ပုံစံသစ်လေယာဉ်ကြီး ပွဲဦးထွက်ပျံသန်း

တရုတ်နိုင်ငံထုတ် ပုံစံသစ် AG600 ကုန်း၊ရေနှစ်သွယ်သွား လေယာဉ်ကြီးအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့၌ မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန်၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ကုန်း၊ ရေ နှစ်သွယ်သွား AG600 ပုံစံသစ်လေယာဉ်ကြီးသည် မေ ၃၁ ရက်က အောင်မြင်စွာ ပွဲဦးထွက်ပျံသန်းခဲ့ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။
AG600 ပုံစံသစ် ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်ကြီးသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်ကျင်ဝမ်လေဆိပ်မှ နံနက် ၁၀:၅၅ နာရီ၌ ပျံသန်းခဲ့ပြီး မိနစ် ၂၀ ကြာ ပျံသန်းပြီးနောက် လေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ဦးဆောင်လေယာဉ်ထုတ်လုပ်သူ AVIC က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့တွင် ပွဲဦးထွက်ပျံသန်းပြီးနောက် လေဆိပ်သို့ ပြန်လည်ဆင်းသက်လာသော တရုတ်နိုင်ငံထုတ် ပုံစံသစ် AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်အား မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပွဲဦးထွက်ပျံသန်းနေစဉ် တစ်ဆက်တည်း အရှိန်ဖြင့် ပျံတက်ခြင်း၊ ပျံသန်းသောအဆင့်တွင် အရှိန်လျှော့ချခြင်းနှင့် လှည့်ပတ်ခြင်း သရုပ်ဖော်မှု အပါအဝင် လေယာဉ်စမ်းသပ်ပျံသန်းမှုများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

AG600 လေယာဉ်သည် ပျံသန်းစဉ်တစ်လျှောက်လုံး အခြေအနေကောင်းမွန်လျက်ရှိကြောင်း၊ ထိန်းချုပ်ရေးစနစ်မှာ ကောင်းစွာလည်ပတ်ကြောင်းနှင့် စနစ်များအားလုံးလည်း တည်ငြိမ်စွာ လုပ်ဆောင်လျက်ရှိကြောင်း လေယာဉ်တည်ဆောက်သူက ဆိုသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့တွင် ပွဲဦးထွက်ပျံသန်းရန် ပြင်ဆင်နေသော တရုတ်နိုင်ငံထုတ် ပုံစံသစ် AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်ကြီးအား မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်တွင်ထုတ် ပုံစံသစ်လေယာဉ်ကြီး၏ အောင်မြင်စွာ ပွဲဦးထွက်ပျံသန်းမှုသည် AG600 စီမံကိန်းနှင့် ကုန်း၊ ရေ နှစ်သွယ်သွား လေယာဉ်ကြီး၏ မီးငြှိမ်းသတ်သည့်လုပ်ဆောင်ချက်ပုံစံ ထည့်သွင်း တည်ဆောက်ထားသော အဓိကအောင်မြင်မှု အတွက် အဆင့်သစ်ဖြစ်ကြောင်း AVIC က ပြောခဲ့သည်။

တရုတ်နိုင်ငံထုတ် ပုံစံသစ် AG600 ကုန်း၊ရေနှစ်သွယ်သွား လေယာဉ်ကြီးအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ကျူးဟိုင်မြို့၌ မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ AG600 ပုံစံသစ် လေယာဉ်သစ်သည် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ထမ်းဆောင်ရန် အထူးတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အလေးချိန် အများဆုံး တန် ၆၀ နှင့် ရေသိုလှောင်မှု အများဆုံး ၁၂ တန်အထိ သိုလှောင်နိုင်စွမ်းရှိကြောင်း၊ ယင်းလေယာဉ်သည် မီးငြှိမ်းသတ်ခြင်းလုပ်ဆောင်နိုင်သော လေယာဉ်ကြီး လိုအပ်ချက်ကိုဖြည့်စွမ်းပေးနိုင်ကြောင်း AVIC က ဖြည့်စွက်ဖော်ပြခဲ့သည်။

ယင်းလေယာဉ်ကြီးတွင် ဖိအားအခန်း၊ fly-by-wire လေကြောင်းထိန်းချုပ်ရေးစနစ် တပ်ဆင်ထားကြောင်းနှင့် လေယာဉ်ပုံစံထုတ်လုပ်မှု စနစ်နှင့် အနာဂတ် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများအတွက် စနစ်များ ပေါင်းစည်းထားကြောင်း သိရသည်။

AG600 ၏ ယခင်ပုံစံနှင့် နှိုင်းယှဉ်ပါက မီးငြှိမ်းသတ်ခြင်း ပုံစံသစ်ထည့်သွင်းထားသော AG600 လေယာဉ်သည် စွမ်းဆောင်မှုမြင့်မားခြင်း၊ ရေပက်ဖျန်းခြင်းစွမ်းဆောင်ရည်ကြီးမားခြင်းနှင့် ပို၍ဝေးသော အကွာအဝေးသို့ ပက်ဖျန်းနိုင်ခြင်း စသည်တို့ မြှင့်တင်ထားကြောင်း လေယာဉ်ထုတ်လုပ်သူက ဆိုသည်။

အရေးပေါ်ကယ်ဆယ်ရေးအတွက် လေယာဉ်

Y-20 သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးနှင့် C919 ကိုယ်ထည်ကျဉ်း ခရီးသည်တင်လေယာဉ်တို့အား အတူတကွပေါင်းစပ်ထားသော AG600 လေယာဉ်သည် “ကြီးမားသောလေယာဉ် မိသားစု” အား သီးသန့်ထုတ်လုပ်ရန် တရုတ်နိုင်ငံ၏ အဓိကစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ခွန်းလုံ (Kunlong) ဟူသော ကုတ်အမည်ပေးထားသည့် AG600 လေယာဉ်သည် တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးစနစ်တွင် လေယာဉ်ပညာနှင့်ပတ်သက်သော ပစ္စည်းကိရိယာ၏ အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ အဆိုပါ လေယာဉ်အား မီးငြှိမ်းသတ်ခြင်းနှင့် ပင်လယ်ရေကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများအပြင် အခြားအရေးကြီးသော အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

၎င်းလေယာဉ်သည် အရပ်ဘက် လေယာဉ်ပျံသန်းနိုင်ခြင်းရှိမရှိ စံချိန်စံနှုန်းများအရ ထုတ်လုပ်ထားသော ပထမဆုံး တရုတ်နိုင်ငံထုတ် အထူးလေယာဉ်ကြီးလည်း ဖြစ်ကြောင်း AVIC က ပြောခဲ့သည်။

ပထမဆုံး AG600 လေယာဉ်သည် ပထမဆုံး ပွဲဦးထွက်ပျံသန်းမှုကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း၊ ရေလှောင်တမံတစ်ခုမှ ပထမဆုံးပျံတက်ခြင်းကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ ပင်လယ်ရေမျက်နှာပြင်ပေါ် ပွဲဦးထွက်ပျံသန်းခြင်းကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ်သည် အမျိုးမျိုးသော စမ်းသပ်ဧရိယာများ လိုအပ်နေသေးကြောင်းနှင့် ၎င်း၏ ရှုပ်ထွေးသော အနာဂတ်လုပ်ငန်း သဘောသဘာဝအရ တင်းကြပ်သောလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် လိုအပ်နေသေးကြောင်း သိရသည်။

၎င်းလေယာဉ်သည် မစ်ရှင်တစ်ခုလျှင် လူပေါင်း ၅၀ အထိ ကယ်ဆယ်နိုင်စွမ်းနှင့်အတူ ရှုပ်ထွေးသော ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများ၌ ပျံသန်းလုပ်ဆောင်နိုင်စွမ်းရှိကြောင်း သိရသည်။

ကြီးမားသောအလားအလာများ

AG600 သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် မြေပြင်၊ ရေလှောင်တံမံနှင့် ပင်လယ်ပြင်မှ AG600 နည်းပညာ သရုပ်ပြသူများ၏ အမျိုးမျိုးသော ပွဲဦးထွက်ပျံသန်းမှုများအပြင် ကွဲပြားခြားနားသော အဓိက လုပ်ဆောင်ချက်ဆိုင်ရာ လေကြောင်းပျံသန်းမှုများအတွင်း ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်၏ အဓိကနည်းပညာကို ရရှိခဲ့ကြောင်း AVIC က ပြောခဲ့သည်။

AG600 လေယာဉ်သည် ၂၀၂၃ ခုနှစ်တွင် မီးငြှိမ်းသတ်ခြင်းတာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ထို့နောက် AG600 ၏ မီးငြှိမ်းသတ်မှုပုံစံနှင့် အရေးပေါ်ကယ်ဆယ်ရေးပုံစံသည် ၂၀၂၄ ခုနှစ်တွင် အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် ဈေးကွက်ဝင်နိုင်မည်ဖြစ်ကြောင်း မျှော်မှန်းထားသည်။

AVIC သည် AG600 စီမံကိန်းကို ဦးဆောင်အဖြစ် ထားရှိခြင်းနှင့်အတူ တရုတ် ပြည်တွင်းထုတ် လေကြောင်းအရေးပေါ်ကယ်ဆယ်ရေး ထုတ်ကုန်စနစ် တည်ဆောက်ခြင်းကို အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။ AG600 ၏ ဈေးကွက်ဝင်ခြင်းကို အရှိန်မြှင့်တင်စေမည်ဖြစ်ကြောင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးကွပ်ကဲမှု စင်တာနှင့် သရုပ်ပြလည်ပတ်ရေး အခြေစိုက်စခန်း တည်ဆောက်ရေးကိုလည်း မြှင့်တင်ပေးမည်ဖြစ်ကြောင်း AVIC က ဆိုသည်။ (Xinhua)

#China, #AG600, #AmphibiousAircraft, #MaidenFlight, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ကုန်း၊ရေနှစ်သွယ်သွားလေယာဉ်, #ပွဲဦးထွက်ပျံသန်းမှု, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
—————————
(English Version)

China Focus: China’s new configuration AG600 large amphibious aircraft makes maiden flight

Source: Xinhua

Editor: huaxia

2022-05-31 20:17:30
BEIJING, May 31 (Xinhua) — A full-state new-configuration model of China’s AG600 large amphibious aircraft conducted a successful maiden flight on Tuesday, according to the Aviation Industry Corporation of China (AVIC).
This new-configuration AG600 amphibious aircraft took off from the Zhuhai Jinwan Airport in south China’s Guangdong Province at 10:55 a.m., and then safely landed at the airport after a 20-minute flight, said the AVIC, the country’s leading plane-maker.
During the maiden flight, it also conducted multiple flight test missions, including constant speed climbing, reducing speed in level flight and a simulated go-around.
AG600 aircraft remained in good condition throughout the flight, with the control system operating well and all systems working stably, said the developer.
The successful maiden flight of the full-state new-configuration model marked a new phase for the AG600 project and a major breakthrough in developing the firefighting functional model of the large amphibious aircraft, said the AVIC.
This new configuration AG600 aircraft is specially developed to serve firefighting missions, with a maximum take-off weight of 60 tonnes and maximum water-storage capacity of up to 12 tonnes. It fills China’s need for a large firefighting aircraft, the AVIC added.
It is installed with a pressure cabin, fly-by-wire flight control system, integrated avionics system, and systems for its future firefighting missions.
Compared with the previous model of AG600, the new firefighting-configuration AG600 aircraft boasts higher performance, larger water-dropping capacity and longer range, said the developer.
AIRCRAFT FOR EMERGENCY RESCUE
The AG600, together with the Y-20 large transporter and the C919 single-aisle passenger airplane, is part of China’s key project to independently develop a “large aircraft family.”
Codenamed Kunlong, the AG600 is a key piece of aeronautical equipment in China’s emergency-rescue system. It is developed by the AVIC to meet the needs of firefighting and marine rescue missions, as well as other critical emergency-rescue operations.
It is also the first Chinese homegrown large specialized aeroplane to be developed under the civil-aircraft airworthiness standards, said the AVIC.
The first AG600 successfully completed its maiden flight in 2017, its first take-off from a water reservoir in 2018, and its maiden flight over the sea in 2020.
The aircraft requires diverse testing areas and will need to meet strict requirements due to the complicated nature of its future missions.
It is capable of operating in complex weather and environmental conditions, with the capacity to rescue up to 50 people per mission.
VAST POTENTIALS
The AG600 research and development team gained key-tech of amphibious aircraft during the AG600 tech-demonstrator’s diverse maiden flights from the ground, water reservoir and the sea, as well as diverse key functional test flights, said the AVIC.
The AG600 will be capable of serving firefighting missions in 2023. Then, the firefighting type and emergency rescue type of AG600 aircraft are expected to receive certification and enter the market respectively in 2024 and 2025.
The AVIC will facilitate building of the Chinese homegrown air-emergency-rescue-product system with the AG600 project as the lead. It will accelerate the AG600’s entry into the market, and boost construction of the emergency-rescue command center and demonstration operation base, said the AVIC. ■
Photo 1 : Photo taken on May 31, 2022 shows a full-state new-configuration model of China’s AG600 large amphibious aircraft in Zhuhai, south China’s Guangdong Province. This new-configuration AG600 amphibious aircraft conducted a successful maiden flight on Tuesday, according to the Aviation Industry Corporation of China (AVIC). (Xinhua)
Photo 2, 3 : A full-state new-configuration model of China’s AG600 large amphibious aircraft lands at the airport after conducting the maiden flight in Zhuhai, south China’s Guangdong Province, on May 31, 2022. This new-configuration AG600 amphibious aircraft conducted a successful maiden flight on Tuesday, according to the Aviation Industry Corporation of China (AVIC). (Xinhua)
Photo 4 : A full-state new-configuration model of China’s AG600 large amphibious aircraft prepares to conduct the maiden flight in Zhuhai, south China’s Guangdong Province, on May 31, 2022. This new-configuration AG600 amphibious aircraft conducted a successful maiden flight on Tuesday, according to the Aviation Industry Corporation of China (AVIC). (Xinhua)
Photo 5 : A full-state new-configuration model of China’s AG600 large amphibious aircraft conducts the maiden flight in Zhuhai, south China’s Guangdong Province, on May 31, 2022. This new-configuration AG600 amphibious aircraft conducted a successful maiden flight on Tuesday, according to the Aviation Industry Corporation of China (