Connect with us

Europe

ရုရှားနှင့် ယူကရိန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရပ်ဆိုင်းထားမည်ဟုဆို

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား မျက်နှာချင်းဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ် ၂၉ ရက်က ပြုလုပ်နေစဉ် (ဓာတ်ပုံ- Turkish Presidential Palace/Handout via Xinhua)

မော်စကို/ကိဗ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများက လက်ရှိပဋိပက္ခကို အဖြေရှာရန် ဆွေးနွေးညှိနှိုင်းမှုများမှာ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင်ရှိနေသဖြင့် ဆိုင်းငံ့ထားကြောင်း မေ ၁၇ ရက်က ပြောကြားခဲ့သည်။“ဆွေးနွေးပွဲတွေက ရှေ့မဆက်ဖြစ်ပါဘူး။ ယူကရိန်းက ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်ကနေ အမှန်တကယ် နုတ်ထွက်သွားခဲ့ပါပြီ” ဟု ရရှားနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က သတင်းထောက်များအား ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံဘက်က သဘောတူညီချက်မူကြမ်းအပေါ် တုံ့ပြန်မှုမရရှိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

“ဒီနေ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားပါတယ်။ အစ္စတန်ဘူလ် သဘောတူညီချက်ပြီးနောက် သိသာတဲ့အပြောင်းအလဲမရှိမှု ဒါမှမဟုတ် ကသောင်းကနင်းဖြစ်မှုတွေကြောင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်” ဟု ယူကရိန်းနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင် Mykhailo Podolyak ၏ ပြောကြားချက်အား ကိုးကား၍ Interfax-Ukraine သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

သို့သော်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်မည်ဟု ယုံကြည်ပြီး “စစ်ပွဲတိုင်းဟာ ဆွေးနွေးပွဲစားပွဲဝိုင်းမှာပဲ အဆုံးသတ်ရပါတယ်” ဟုအလေးထားပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံနှင့် ရုရှားနိုင်ငံမှ ဆွေးနွေးညှိနှိုင်းသူများသည် နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင် ဆွေးနွေးပွဲကို မတ် ၂၉ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————–
(English Version)

Russia, Ukraine say their peace talks on hold
Source: Xinhua
Editor: huaxia
2022-05-17 23:24:16
MOSCOW/KIEV, May 17 (Xinhua) — Russian and Ukrainian officials said on Tuesday that negotiations on a solution to the current crisis have been suspended as the process is mired in stalemate.
“The talks are not going on. Ukraine has actually withdrawn from the negotiation process,” Russian Deputy Foreign Minister Andrei Rudenko told reporters.
Russia has received no response from Ukraine to its draft treaty, he added.
“Today the negotiation process was suspended. It was suspended because there are no significant changes or upheavals after the Istanbul communique,” Mykhailo Podolyak, a member of the Ukrainian delegation, was quoted by the Interfax-Ukraine news agency as saying.
Nevertheless, he voiced the belief that the peace talks will be resumed, emphasizing that “every war ends at the negotiating table.”
Ukrainian and Russian negotiators held the latest round of face-to-face peace talks in Istanbul, Turkey on March 29. ■
Photo : File photo shows that face-to-face peace talks between Russia and Ukraine is held in Istanbul, Turkey, March 29, 2022. (Turkish Presidential Palace/Handout via Xinhua)