Connect with us

Europe

ယူကရိန်းအား စစ်လက်နက်များထောက်ပံ့မှုသည် အမေရိကန်က “ မီးပုံထဲကို လောင်စာထည့်နေခြင်း” ဖြစ်ဟု ရုရှားပြော

ယူကရိန်းသမ္မတဇာလန်စကီး(ယာ- စတုတ္ထမြောက်) နှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်(ဝဲ-စတုတ္ထမြောက်) ၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင်း(ဝဲ-တတိယမြောက်) တို့ ယူကရိန်းနိုင်ငံ ကိဗ်မြို့၌ ၂၀၂၂ ခုနှစ် ဧပြီ ၂၄ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံအား စစ်ဘက်ဆိုင်ရာအကူအညီများ အဆက်မပြတ်ထောက်ပံ့ပေးပို့နေခြင်းမှာ“ ရည်ရွယ်ချက်ရှိရှိ ၊ လုံးလရှိရှိ နဲ့ မီးပုံထဲကို လောင်စာဖြည့်တင်းနေခြင်း” ဖြစ်သည်ဟု ရုရှား ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

“ အမေရိကန်ဟာ ယူကရိန်းနိုင်ငံမှာ ရုရှားနဲ့ ရေရှည်စစ်ပွဲဖြစ်ဖို့ မူဝါဒကို အမှန်တကယ် ဖော်ဆောင်နေတယ်ဆိုတာ သိပ်ကိုထင်ရှားပါတယ် ” ဟု ယူကရိန်းနိုင်ငံသို့ အမေရိကန်က စစ်လက်နက်များထပ်မံဖြည့်တင်းသည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းချက်အပေါ် နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် Peskov က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံက ယူကရိန်းစစ်တပ်အတွက် ပစ်မှတ်ကို ပိုမိုတိကျသေချာစွာ ပစ်ခတ်နိုင်မည့် (High Mobility Artillery Rocket Systems ) ပိုမိုဝေးကွာသော ပစ်မှတ်ကို ပစ်ခတ်နိုင်စွမ်းရှိသည့်ဒုံးကျည်စနစ်များ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ စစ်လက်နက်များကို ထောက်ပံ့ပေးသွားမည်ဟု ဇွန် ၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

ယင်းပေးပို့မှုများသည် ရုရှားနိုင်ငံနှင့်ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ပြန်လည်စတင်လိုသည့် ယူကရိန်းခေါင်းဆောင်များ၏ စိတ်ဆန္ဒကို နိုးကြားအောင် အကူအညီဖြစ်စေ လိမ့်မည်မဟုတ်ကြောင်း Peskov က ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

……………………………………
(English Version)
U.S. “adds fuel to fire” by supplying weapons to Ukraine: Kremlin

MOSCOW, June 1 (Xinhua) — The United States is “purposefully and diligently adding fuel to the fire” by continuously providing military assistance to Ukraine, Kremlin Spokesman Dmitry Peskov said Wednesday.
“The United States, obviously, really adheres to the policy of fighting Russia to the last Ukrainian,” Peskov told a daily briefing, commenting on Washington’s plan to supply additional weapons to Kiev.
The United States will unveil a 700-million-U.S.-dollar weapon package on Wednesday, including supply of High Mobility Artillery Rocket Systems, which is to enable Ukraine to fire more precisely at targets.
Such deliveries do not contribute to the awakening of the Ukrainian leadership’s desire to resume peace talks with Russia, Peskov said.

krainian President Volodymyr Zelensky (4th R) and visiting U.S. Secretary of State Antony Blinken (4th L) and U.S. Defense Secretary Lloyd Austin (3rd L) meet in Kiev, Ukraine, April 24, 2022. (Ukrainian Presidential Office/Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.