Connect with us

Africa & Middle East

အာဖဂန်နစ္စတန်ငလျင်ကြောင့် အသက်သေဆုံးသွားသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း ကုလအကြီးအကဲ ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ Paktika ပြည်နယ်လမ်းမပေါ်တွင် ငလျင်ဒဏ်သင့် ပြည်သူများအား သယ်ဆောင်ရန် လူနာတင်ယာဉ်တစ်စီး ရပ်ထားသည်ကို ဇွန် ၂၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇွန် ၂၂ ရက် နံနက်အစောပိုင်းက အာဖဂန်နစ္စတန်နိုင်ငံ၌ ဖြစ်ပွား‌ေသော ငလျင်လှုပ်ခတ်မှုအတွင်း အသက်သေဆုံးခဲ့ရသူများအတွက် အထူးကြေကွဲဝမ်းနည်းရကြောင်းကို ယင်းနေမှာပင် ထုတ်ဖော်ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန် ၂၂ ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန် ၂၂ ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန် ၂၂ ရက် နံနက်အစောပိုင်းက ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

“ လူရာနဲ့ချီပြီး အသက်သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပွားခဲ့ပါတယ် ၊ အဲဒီအသေအပျောက်စာရင်းဟာ ဆက်ပြီး မြင့်တက်လာဖို့ ရှိပါတယ်” ဟု ကုလအကြီးအကဲ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“ နှစ်ပေါင်းများစွာ စစ်မက်ပဋိပက္ခဒဏ် ၊ စီးပွားရေးကြပ်တည်းမှု နဲ့ အငတ်ဘေးဒဏ်ခံစားနေကြရရှာတဲ့ အာဖဂန်ပြည်သူတွေအတွက် အခုလိုမျိုးငလျင်ဒဏ်ပါ ထပ်ပြီး ခံစားရတဲ့အပေါ် ကျွန်တော့်အနေနဲ့အထူးစိတ်မကောင်းဖြစ်မိပါတယ် ၊ အသေဆုံးသွားသူတွေအတွက် နက်နက်နဲနဲကြေကွဲရသလို ထိခိုက်ဒဏ်ရာရသူတွေအားလုံးလည်း အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာဖို့ ကျွန်တော်ဆုတောင်းပေးပါတယ်” ဟု ၎င်းက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းက အပြည့်အဝလှုပ်ရှားဆောင်ရွက်လျက်ရှိပြီး ကနဦးပံ့ပိုးမှု နှင့် လိုအပ်သော အကူအညီများ ပေးအပ်နိုင်ရန် မြေပြင်သို့ ချက်ချင်းသွားရောက်နေပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“ အခုနောက်ဆုံးဖြစ်သွားတဲ့ သဘာဝဘေးဒဏ်မှာ ထိခိုက်ခံစားရတဲ့ ရာပေါင်းများစွာသော မိသားစုဝင်တွေကို အကူအညီပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့မေတ္တာရပ်ခံချင်ပါတယ် ၊ ဒီအချိန်ဟာ စည်းလုံးညီညွတ်ရမယ့်အချိန်ပဲဖြစ်ပါတယ်” ဟု ဂူတာရက်စ်က ဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ ဇွန် ၂၂ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် နှင့် ဒဏ်ရာရသူ ၁,၅၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သတင်းများက ဆိုသည်။  (Xinhua)

…………………………………………….
(English Version)
UN chief saddened by heavy loss of life in Afghanistan earthquake
UNITED NATIONS, June 22 (Xinhua) — UN Secretary-General Antonio Guterres said on Wednesday that he was saddened by the tragic loss of life in the earthquake that struck Afghanistan earlier in the day.
“Hundreds of people have reportedly been killed and injured, and this tragic toll might continue to rise,” he said in a statement.
“My heart goes out to the people of Afghanistan who are already reeling from the impact of years of conflict, economic hardship and hunger. I convey my deep condolences to the families of the victims and wish a speedy recovery to the injured,” he said.
The United Nations in Afghanistan is fully mobilized, and UN teams are already on the ground assessing the needs and providing initial support, he said.
“We count on the international community to help support the hundreds of families hit by this latest disaster. Now is the time for solidarity,” Guterres said.
An earthquake struck eastern Afghanistan early Wednesday, and the death toll has surpassed 1,000, with more than 1,500 people injured, news reports said.

Photo – Photo taken on June 22, 2022 shows ambulances on the road in Paktika province, Afghanistan. (Photo by Saifurahman Safi/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.