Europe
ရုရှားသမ္မတ ပူတင်က အမေရိကန်သည် ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပါက သင့်လျော်သော ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု ပြောကြား
မော်စကို ၊ ဇွန် ၆ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ပေးပို့မည်ဆိုပါက ရုရှားနိုင်ငံသည် သင့်လျော်သောဆုံးဖြတ်ချက်များ ချမှတ်သွားမည် ဖြစ်ပြီး ပစ်မှတ်အသစ်များကို ပစ်ခတ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဇွန် ၅ ရက် ရုပ်သံတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။“တကယ်လို့ သူတို့က (ယူကရိန်းနိုင်ငံကို) လွှဲပြောင်းပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ သင့်လျော်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာ ဖြစ်ပြီး အရင်က မတိုက်ရသေးတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ကျွန်တော်တို့ရဲ့ လက်နက်တွေကို ထိထိရောက်ရောက် အသုံးချသွားမှာပါ။”ဟု ပူတင်က Rossiya-1 ရုပ်သံချန်နယ်အား ပြောကြားခဲ့သည်။
ယူကရိန်းစစ်တပ်အနေဖြင့် အလားတူစနစ်များနှင့်အတူ စစ်လက်များကိုင်ဆောင်ထားသည့်အတွက်ကြောင့် ယူကရိန်းနိုင်ငံသို့ ထိုကဲ့သို့သောလက်နက်များ လွှဲပြောင်းပေးခြင်းသည် မည်သို့မျှ ပြောင်းလဲမည် မဟုတ်သော်လည်း ပဋိပက္ခအား ရှည်ကြာစေမည်သာ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မေ ၃၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံက တောင်းဆိုထားသည့် အဆင့်မြင့်ဒုံးကျည်စနစ်များကို ယူကရိန်းနိုင်ငံထံ ထောက်ပံ့သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ယူကရိန်းနိုင်ငံသည် ပင်လယ်နက်တွင် မိမိတို့ကိုယ်တိုင်ကာကွယ်ရန် ဒိန်းမတ် ၊ ဗြိတိန် နှင့် နယ်သာလန်နိုင်ငံတို့မှ Harpoon သင်္ဘောဖျက်ဒုံးကျည်စနစ်များ လက်ခံရရှိခဲ့ပြီး အခြားနိုင်ငံများကလည်း မကြာမီကာလအတွင်း ယူကရိန်းသို့ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက မကြာသေးမီက ကြေညာခဲ့ကြောင်း သိရသည်။
မေ ၂၈ ရက်တွင် ဥရောပခေါင်းဆောင်များနှင့် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများအတွင်း ရုရှားနိုင်ငံသမ္မတ ပူတင်က လက်နက်များထောက်ပံ့ခြင်းသည် အခြေအနေအား ပို၍မတည်မငြိမ် ဖြစ်စေပြီး ယူကရိန်းနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအား ပိုမိုဆိုးရွားစေကြောင်း ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)
—————————
(English Version)
Moscow will “draw appropriate conclusions” if Washington supplies long-range missiles to Kiev: Putin
“If they are handed over (to Kiev), we will draw appropriate conclusions, and deploy our weapons to strike at the targets we haven’t hit before,” Putin told the Rossiya-1 television channel.
MOSCOW, June 6 (Xinhua) — Moscow will “draw appropriate conclusions” and hit new targets if Washington delivers long-range missiles to Kiev, Russian President Vladimir Putin said in an interview broadcast on Sunday.
“If they are handed over (to Kiev), we will draw appropriate conclusions, and deploy our weapons to strike at the targets we haven’t hit before,” Putin told the Rossiya-1 television channel.
Because “the Ukrainian army is armed with similar systems,” the transfer of such weapons to Kiev does not change anything, but will only prolong the conflict, Putin added.
On Tuesday, U.S. President Joe Biden announced that the United States would supply Ukraine with advanced rocket systems that Kiev had requested.
The Ukrainian Defense Ministry has also announced recently that the country was receiving Harpoon anti-ship missile systems from Denmark, Britain, and the Netherlands to defend itself in the Black Sea, while other countries will also supply defense equipment in the near future.
In telephone conversations with European leaders on May 28, Putin pointed out that the supply of weapons would further destabilize the situation and worsen the humanitarian crisis in Ukraine. ■
Photo – Photo taken on Feb. 24, 2022 shows a screen displaying Russian President Vladimir Putin speaking during a televised address, in Moscow, Russia. (Xinhua/Bai Xueqi)