Connect with us

Europe

ဗြိတိန်တွင် အဓိကကျသော ဝန်ကြီးနှစ်ဦး နုတ်ထွက်ပြီးနောက် ဖိအားအသစ်များနှင့် ဝန်ကြီးချုပ် ရင်ဆိုင်နေရ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၂ ခုနှစ် မေ ၂၅ ရက်က သတင်းစာပွဲ တက်ရောက်နေသော ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အား တွေ့ရစဉ် (ဓာတ်ပုံ - Andrew Parsons/No. 10 Downing Street/Handout via Xinhua)

လန်ဒန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အဓိကကျသောဝန်ကြီးနှစ်ဦး တစ်နေ့တည်းတွင် ရာထူးမှနုတ်ထွက်သွားသည့်အတွက် အထိတ်အလန့်ဖြစ်ခဲ့ပြီးနောက် ဖိအားအသစ်များနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက ဆင်ဟွာသို့ ဇူလိုင် ၅ ရက်၌ ပြောကြားခဲ့သည်။“ဒါကိုကြည့်ရတာက ဘောရစ်ဂျွန်ဆင် အဆုံးသတ်မှု အစနဲ့တူနေပါတယ်။ သူက ဝန်ကြီးနှစ်ဦး ဆုံးရှုံးသွားခဲ့တယ်။ အဲဒီသူတွေက ကက်ဘိနက်ထဲမှာ အရည်အချင်းအရှိဆုံးသူတွေထဲက ဖြစ်ပြီးတော့ အခြားအလားအလာရှိတဲ့ ခေါင်းဆောင်တွေက လက်ခံနိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေလည်းဖြစ်တယ်” ဟု လန်ဒန် စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း၏ (LSE) ဥရောပအင်စတီကျုမှ နိုင်ငံရေးကျွမ်းကျင်သူ၊ ပါမောက္ခ Iain Begg က ပြောခဲ့သည်။

ကျန်းမာရေးဝန်ကြီး ဆာဂျစ် ဂျာဗစ် (Sajid Javid) နှင့် ဘဏ္ဍာရေးဝန်ကြီး ရီရှီဆူနက်ခ် (Rishi Sunak) တို့သည် ဝန်ကြီးချုပ် ဂျွန်ဆင်၏ ဦးဆောင်မှုကို ဆန္ဒပြကာ ဇူလိုင် ၅ ရက်က ရာထူးမှနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဆူနက်ခ်က အစိုးရ၏ အရည်အချင်းမရှိမှုကို ပြစ်တင်ပြောဆိုခဲ့သလို ဂျာဗစ်ကလည်း ၎င်းအနေဖြင့် “ဒီအစိုးရမှာ လိပ်ပြာသန့်သန့်နဲ့ ထပ်ပြီးတာဝန်ထမ်းဆောင်နိုင်မှာမဟုတ်တော့ဘူး” ဟု ပြောခဲ့သည်။

ဂျွန်ဆင်သည် စတိဖ် ဘာကလေ (Steve Barclay) အား ကျန်းမာရေးဝန်ကြီးအသစ်အဖြစ်လည်းကောင်း၊ နတ်ဒင်မ် ဇာဟာဝီ (Nadhim Zahawi) အား ဘဏ္ဍာရေးဝန်ကြီးအသစ်အဖြစ်လည်းကောင်း ခန့်အပ်ကာ အစိုးရအဖွဲ့ အပြောင်းအလဲလုပ်ဆောင်လျက်ရှိသော်ငြားလည်း အရည်အချင်းရှိသော ဝန်ကြီးနှစ်ဦး နုတ်ထွက်သွားခြင်းနှင့် ဂျွန်ဆင်၏ ဦးဆောင်မှုကို အပြင်းအထန်ဝေဖန်တိုက်ခိုက်ခြင်းသည် ဂျွန်ဆင်၏ မရေရာလှသော ဝန်ကြီးချုပ်ရာထူးအပေါ် ဖိအားများ ထပ်မံဖြည့်စွက်စေလိမ့်မည်ဟု Begg က ၎င်း၏ ထင်မြင်ချက်ကို ပြောကြားခဲ့သည်။

“ဒီကနေ့ (ဇူလိုင် ၅ ရက်) ည ရာထူးမှနုတ်ထွက်သူနှစ်ဦးနဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်နှစ်ဦးတို့ နုတ်ထွက်ခြင်းက ဘောရစ်ဂျွန်ဆင်ကို ဖိအားတွေရှိနေတယ်ဆိုတာ အသေအချာပါပဲ” ဟု ၎င်းက ဆင်ဟွာသို့ ပြောခဲ့သည်။

လိင်ပိုင်းဆိုင်ရာမဖွယ်မရာပြုလုပ်ကြောင်း တိုင်ကြားမှုများရှိနေသည့်ကြားမှ ဥပဒေပြုအမတ် ခရစ္စတိုဖာ ပစ်ချာ (Christopher Pincher) ကို လွှတ်တော်အတွင်း စည်းမျဉ်းစည်းကမ်များထိန်းသိမ်းရေး လက်ထောက်အကြီးအကဲအဖြစ် ဂျွန်ဆင်က ခန့်အပ်ခြင်းကလည်း နောက်ဆုံးဖြစ်ပေါ်ခဲ့သော အရှုပ်တော်ပုံတွင် ပါဝင်ခဲ့သည်။

အဆိုပါ ဝန်ကြီးနှစ်ဦး၏ ရာထူးမှနုတ်ထွက်ခြင်းမတိုင်မီ ဂျွန်ဆင်က ပစ်ချာအား ရာထူးခန့်အပ်ခြင်းအပေါ် တောင်းပန်ကြောင်း ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။

“ဂျွန်ဆင်က အခုဆိုရင် တော်တော်လေးကို အားနည်းနေပါတယ်။ အခုဆို သူ့အတွက် မေးခွန်းတွေက အစိုးရအဖွဲ့အတွင်းရော သူ့ပါတီအတွင်းမှာပါ တော်တော်များလွန်းနေပါတယ်။ ကျွန်တော်တို့ သူ့ကိုဖယ်ရှားရမှာပါ။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အားလုံးကို ဆွဲချထားခဲ့လို့ပဲ” ဟု Begg က ဆိုသည်။ “သူထွက်ခွာရဖို့လမ်းကြောင်းဆီ ထောက်ပြထားတဲ့ အင်အားတွေကလည်း စုဆောင်းမိနေပါပြီ”

လစ်ဗာပူးတက္ကသိုလ်၊ နိုင်ငံရေးဌာနမှ ပါမောက္ခ Jon Tonge က “ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ နိုင်ငံရေးအရဇာတ်သိမ်းခန်းဖြစ်နေပါပြီ။ နောက်ထပ် ရာထူးနုတ်ထွက်တာတွေ တစ်ခုခုဖြစ်လာခဲ့ရင်တော့ တကယ်ကို ဇာတ်သိမ်းသွားပါပြီ။ သူ့အပေါ် အများကနိုင်ငံရေးယုံကြည်လက်ခံမှုက ပျက်စီးသွားခဲ့ပြီလေ” ဟု ဆင်ဟွာသို့ ပြောခဲ့သည်။ (Xinuha)

#Britain, #BorisJohnson, #Resignation, #Xinhua, #Myanmar, #XinhuaMyanmar, #ဗြိတိန်, #ဘောရစ်ဂျွန်ဆင်, #ရာထူးမှနုတ်ထွက်ခြင်း, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ
………………………………………………
(English Version)
UK PM under renewed pressure to go after two key ministers quit
Source: XinhuaEditor: huaxia2022-07-06 06:26:15
LONDON, July 5 (Xinhua) — British Prime Minister Boris Johnson is under renewed pressure to go following the shock resignations of two key cabinet ministers on the same day, political experts told Xinhua on Tuesday.

“This looks like the beginning of the end for Boris Johnson. He’s lost two of the ministers, who many would regard as among the most competent in the Cabinet, those who have a quality that would be accepted by other potential leaders,” said Professor Iain Begg, a political expert at the London School of Economics and Political Science’s (LSE) European Institute.

Health Secretary Sajid Javid and Chancellor of the Exchequer Rishi Sunak resigned on Tuesday in protest against Johnson’s leadership. Javid said he “can no longer, in good conscience, continue serving in this government,” while Sunak criticized the government’s lack of competence.
Though Johnson has scrambled to make a swift cabinet reshuffle by appointing Steve Barclay as the new health secretary and Nadhim Zahawi as the new Chancellor, Begg believes the departure of two high-profile ministers and their scathing attack on Johnson’s leadership will add to the pressure on his already precarious premiership.

“The two resignations tonight and a couple of other resignations by lesser figures clearly intensify the pressure on Boris Johnson to go,” he told Xinhua, noting a series of scandals engulfing the prime minister.

The latest scandal involved Johnson’s appointment of lawmaker Christopher Pincher to deputy chief whip despite being informed of formal complaints about his sexual misconduct.

Johnson went on television to apologize for Pincher’s appointment minutes before the two cabinet ministers’ announcements of resignation.

“Johnson is now extremely weakened. The question for him now is whether others, either in the Cabinet or in his own party, will say, this is too much. We must get rid of this man because he’s bringing us all down,” Begg said. “The accumulation of forces is pointing in the direction of him going, and going quickly.”

Professor Jon Tonge from the political department at the University of Liverpool told Xinhua, “Prime Minister Boris Johnson is on political death row. Any further resignations and it’s surely the end. His political credibility is in ruins regardless.” ■
Photo : British Prime Minister Boris Johnson attends a press conference in London, Britain, May 25, 2022. (Andrew Parsons/No. 10 Downing Street/Handout via Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.