Connect with us

Culture & Entertainment

ချုံချင့်မြို့တွင် ပန်ဒါ အမြွှာလေး မွေးဖွား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ချုံချင့်တိရစ္ဆာန်ရုံတွင် ပန်ဒါကြီးမျိုး Ershun ၏ သားပေါက်အမြွှာလေးများအား ၂၀၂၂ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Chongqing Zoo/Handout via Xinhua)

ချုံချင့်၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ တိရစ္ဆာန်ရုံတစ်ခုတွင် Ershun အမည်ရှိသော ပန်ဒါကြီးမျိုးက ဇူလိုင်လကုန်ပိုင်း၌ ပန်ဒါသားပေါက်အမြွှာလေးများ မွေးဖွားခဲ့ကြောင်းနှင့် ၎င်းတို့မှာ လတ်တလော အခြေအနေကောင်းမွန်လျက်ရှိကြောင်း တိရစ္ဆာန်ရုံက ဩဂုတ် ၈ ရက်၌ ကြေညာခဲ့သည်။အဆိုပါ ပန်ဒါသားပေါက်လေးများသည် ဇူလိုင် ၂၂ ရက်က မွေးဖွားခဲ့ချိန်၌ ခန္ဓာကိုယ်အလေးချိန်အားဖြင့် ၁၃၂ ဂရမ်နှင့် ၉၁ ဂရမ် အသီးသီးရှိကြောင်း သိရသည်။ ယခုအခါတွင်မူ ၎င်းတို့၏ အလေးချိန်မှာ ၄၂၀ ဂရမ်နှင့် ၂၅၇ ဂရမ်အထိ အသီးသီး တိုးတက်လာခဲ့ကြောင်း တိရစ္ဆာန်ရုံက ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/yqQ

………………………………………………

Giant panda in Chongqing gives birth to twins
CHONGQING, Aug. 9 (Xinhua) — A giant panda named Ershun gave birth to twin cubs late July at a zoo in southwest China’s Chongqing Municipality, and they are in good condition at present, the zoo announced Monday.
The cubs weighed 132 grams and 91 grams, respectively, when they were born on July 22. They have reached a weight of 420 grams and 257 grams, respectively, the zoo said. xhtxs.cn/yqQ
Photo : Photo taken on July 22, 2022 shows twin cubs of giant panda Ershun at Chongqing Zoo in southwest China’s Chongqing Municipality. (Chongqing Zoo/Handout via Xinhua)