Connect with us

Economy

လက်တင်အမေရိကနှင့်ကာရီဘီယံ (LAC) ဒေသက တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ ဖြစ်လာ

ကွမ်ကျိုး၊ မေ ၂၅ ရက် (ဆင်ဟွာ)

လက်တင်အမေရိကနှင့်ကာရီဘီယံ(LAC)ဒေသက တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပြည်ပရင်းနှီးမြှုပ်နှံမှု နေရာ ဖြစ်လာသည်ဟု တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် တုန်းကွမ်မြို့၌ မေ ၂၄ ရက်က ကျင်းပသော China-CELAC Private Sector Forum အရ သိရသည်။၂၀၂၂ ခုနှစ်တွင် တရုတ်-လက်တင်အမေရိကနှင့်ကာရီဘီယံ(LAC)ဒေသ ကုန်သွယ်ရေးပမာဏသည် အမေရိကန် ဒေါ်လာ ၄၈၅.၇ ဘီလီယံရှိရာ ၂၀၂၁ ခုနှစ် ကာလတူထက် ၇.၇ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ကုမ္ပဏီလုပ်ငန်းပေါင်း ၃,၀၀၀ ကျော်က လက်တင်အမေရိကနှင့်ကာရီဘီယံ (LAC) ဒေသတွင် ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းများ အပါအဝင် လည်ပတ်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (ACFIC) ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ရွှီလဲ့ကျန်းက တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့် တံခါးဖွင့်ဝါဒကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ LAC နိုင်ငံများနှင့် ကမ္ဘာ့အခြားဒေသများအတွက် အခွင့်အလမ်းများ ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် ပုဂ္ဂလိကလုပ်ငန်းများက LAC နိုင်ငံများနှင့် ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရာတွင် လူမှုတာဝန်များကို တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လျက်ရှိရာ တရုတ်- လက်တင်အမေရိကနှင့်ကာရီဘီယံ(LAC)ဒေသ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု ရေရှည်တည်ငြိမ်စွာ တိုးတက်ရေးအတွက် အကျိုးဆောင်လျက်ရှိကြောင်း ရွှီက ပြောကြားခဲ့သည်။ ယခုဖိုရမ်သည် တရုတ်နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (ACFIC)နှင့် ကွမ်တုန်းပြည်နယ် အစိုးရတို့ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-
LAC becomes second-largest destination for China’s outbound investment
GUANGZHOU, May 24 (Xinhua) — Latin American and Caribbean (LAC) region has become the second-largest destination for China’s overseas investment, according to the China-CELAC Private Sector Forum held on Wednesday in Dongguan, south China’s Guangdong Province.
In 2022, China-LAC trade reached 485.7 billion U.S. dollars, up 7.7 percent year on year. More than 3,000 Chinese enterprises operate in the LAC region, including many private ones.

Xu Lejiang, executive vice chairman of the All-China Federation of Industry and Commerce (ACFIC), said China is pursuing high-quality development and high-level opening-up, which will surely bring more opportunities to LAC countries and the rest of the world.
Xu said when conducting economic, trade, and investment cooperation with LAC countries, Chinese private enterprises should actively shoulder social responsibilities and contribute to the steady and long-term development of China-LAC friendly cooperation.
The forum was hosted by the ACFIC and the Guangdong provincial government.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.