Connect with us

Culture & Entertainment

တရုတ်နိုင်ငံ ကန်းစုပြည်နယ်၌ ရှေးခေတ်ကျောက်တုံးပန်းချီများအတွက် ဒစ်ဂျစ်တယ် မော်ကွန်းတိုက်များ တည်ထောင်

တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၊ ကျာယွိကွမ်းမြို့၌ တိရစ္ဆာန်ရုပ်ပုံများပါသည့် ကျောက်တုံးပန်းချီတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-- Dunhuang Academy/Handout via Xinhua)

လန်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာ ၇၂ ခု တွင် ရှားပါးပြီး အဖိုးတန် ကျောက်တုံးပန်းချီများ အတွက် ဒစ်ဂျစ်တယ် ရုပ်ပုံ ဒေတာဘေ့စ်ကို ထူထောင်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။“ကျွန်တော်တို့အနေနဲ့ ကျောက်တုံးပန်းချီတွေရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပထဝီဝင်တည်နေရာတွေ စတဲ့ တိကျသေချာတဲ့ အချက်အလက်၊ အသံသွင်းအချက်အလက်တွေကို တစ်နှစ်ကျော်ကြာအောင် စုစည်းခဲ့ပါတယ်” ဟု Dunhuang Academy ၏ ယဉ်ကျေးမှုအမွေအနှစ် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး Ding Xiaosheng ကပြောသည်။

ယွိမုတောင်ပေါ်ရှိ ကောင်းမွန်စွာထိန်းသိမ်းထားသော တရစ္ဆာန်ရုပ်ပုံများပါရှိသည့် ကျောက်တုံးပန်းချီကားများမှတစ်ဆင့် ကျောက်ခေတ်ကို ပြန်လည်ခြေရာခံနိုင်ကြောင်း သိရသည်။

ခရိုင်ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုသည် အဆိုပါ ဒစ်ဂျစ်တယ်စီမံကိန်းကို ၂၀၂၁ ခုနှစ်က အတည်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန်အတွက် Dunhuang Academy ကို တာဝန်ပေးအပ်ခဲ့သည်။

ယခုအချိန်အထိ ကန်းစုပြည်နယ်တွင် ကျောက်တုံးပန်းချီနေရာ ၇၂ နေရာ ကို ရှာဖွေတွေ့ရှိထားပြီး အများစုမှာ နက်ရှိုင်းသောတောင်တန်းများ၊ ဂိုဘီသဲကန္တာရ သို့မဟုတ် လူသူအရောက်အပေါက်နည်းသော ချိုင့်ဝှမ်းများတွင် တွေ့ရှိရကြောင်း သိရသည်။ (Xinhua)

———————-
China’s Gansu sets up digital archives for ancient rock paintings
LANZHOU, June 13 (Xinhua) — Northwest China’s Gansu Province has set up a digital image database for rare and precious rock paintings at its 72 cultural relic sites, local authorities said.
“We spent over a year collecting high-precision data and recording information such as the surrounding environment and geographical location of the rock paintings,” said Ding Xiaosheng, deputy director of the cultural relics digitalization institute of the Dunhuang Academy.
The rock paintings on Yumu Mountain, most of which feature well-preserved animal figures, can be traced back to the Stone Age.
The provincial cultural relics bureau approved the digital project in 2021, assigning the Dunhuang Academy to carry out the work.
So far, 72 rock painting sites have been discovered in Gansu, mostly distributed in deep mountains, the Gobi Desert, or valleys that are seldom visited by people.
This undated file photo shows a rock painting featuring animal figures in Jiayuguan City, northwest China’s Gansu Province.(Dunhuang Academy/Handout via Xinhua)