Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ဂျာမနီနှင့် ပြင်သစ် သို့ တရားဝင်ခရီးစဉ်သွားရောက်ပြီးနောက် တရုတ်နိုင်ငံသို့ပြန်လည်ရောက်ရှိ

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန် သည် ဂျာနမနီနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခြင်း၊ သတ္တမအကြိမ်မြောက် တရုတ်-ဂျာမနီ အစိုးရချင်းဆွေးနွေးညှိနှိုင်းပွဲတက်ရောက်ခြင်း၊ ပြင်သစ်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခြင်း နှင့် New Global Financing Pact အစည်းအဝေး တက်ရောက်ခြင်း စသည့်ခရီးစဉ်များ ပြီးနောက် ဇွန် ၂၄ ရက် နံနက်ပိုင်း ၌ ပြန်လည်ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူးချုပ် ဝူကျန့်လုန်နှင့်အတူ အခြားအရာရှိများလည်း လေယာဉ်ဖြင့် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ပဲရစ်မြို့မှ ထွက်ခွာချိန်တွင် လီအား ပြင်သစ်တရားရေးဝန်ကြီး Eric Dupond-Moretti နှင့် ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လူဆားရယ် တို့က လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Chinese premier returns to Beijing from official visits to Germany, France
BEIJING, June 24 (Xinhua) — Chinese Premier Li Qiang returned to Beijing on Saturday morning by chartered plane after concluding the seventh China-Germany inter-governmental consultation and paying an official visit to Germany, and paying an official visit to France and attending the Summit for a New Global Financing Pact.
State Councilor and Secretary-General of the State Council Wu Zhenglong, among other accompanying officials, returned to Beijing on the same plane.
When leaving Paris, Li was seen off by French Justice Minister Eric Dupond-Moretti and Chinese Ambassador to France Lu Shaye at the airport. ■