Connect with us

Science & Technology

ထျန်းကျိုး-၅ ကုန်တင်အာကာသယာဉ်က တရုတ်အာကာသစခန်းနှင့် ပြန်လည်ချိတ်ဆက်

တရုတ်နိုင်ငံ၏ ကုန်တင်အာကာယာဉ် ထျန်းကျိုး-၅ အား ထျန်းကုန်းအာကာသစခန်း ပေါင်းစပ်ယာဉ်နှင့် ချိတ်ဆက်နေသော သရုပ်ပြရုပ်ပုံကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကုန်တင်အာကာသယာဉ် ထျန်းကျိုး-၅ သည် ၃၃ ရက်ကြာ သီးခြားပျံသန်းပြီးနောက် ဇွန် ၆ ရက်၌ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော အာကာသစခန်းပေါင်းစပ်ယာဉ်နှင့် ပြန်လည်ချိတ်ဆက်ခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီ (CMSA) က ပြောကြားခဲ့သည်။အဆိုပါ အာကာသယာဉ်သည် သတ်မှတ်ထားသောအချိန်အတွင်း သတ်မှတ်ထားသောနေရာနှင့် ပြန်လည်ချိတ်ဆက်မှုကို ပေကျင်းစံတော်ချိန် နံနက် ၃:၁၀ နာရီ၌ ချိတ်ဆက်ခဲ့သည်။ လက်ရှိတွင် ပေါင်းစပ်ယာဉ်မှာ အခြေအနေကောင်းမွန်ကြောင်းနှင့် နောက်ဆက်တွဲလုပ်ငန်းများကိုလည်း စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း CMSA က ဆိုသည်။

အာကာသစခန်းအတွက် ထောက်ပံ့ပစ္စည်းများ၊ တွန်းကန်ပစ္စည်းနှင့် လက်တွေ့စမ်းသပ်မှုပစ္စည်းကိရိယာများ ပို့ဆောင်ပေးသော ယင်းအာကာသယာဉ်ကို ယမန်နှစ် နိုဝင်ဘာလက လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာကာသယာဉ်သည် သီးခြားပျံသန်းခြင်းမပြုမီ အာကာသစခန်းပေါင်းစပ်ယာဉ်မှ မေ ၅ ရက်က ခွဲထွက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
Tianzhou-5 cargo craft re-docks with China’s space station
BEIJING, June 6 (Xinhua) — China’s cargo spacecraft Tianzhou-5 re-docked with the orbiting space station combination on Tuesday after a 33-day independent flight, said the China Manned Space Agency (CMSA).
The cargo craft conducted the rendezvous and re-docking at 3:10 a.m. (Beijing Time). At present, the combination is in good condition, and follow-up work will be carried out as planned, said the CMSA.
The spacecraft, delivering supplies, propellant and experiment facilities to the space station, was launched in November last year. It separated from the space station combination on May 5 before switching to independent flight.
Photo: This simulated image captured at Beijing Aerospace Control Center on Nov. 12, 2022 shows China’s cargo spacecraft Tianzhou-5 having conducted a fast automated rendezvous and docking with the combination of the space station Tiangong.(Photo by Sun Fengxiao/Xinhua)