Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက “နောက်ဆုံးပေါ်” ကင်းထောက်လေယာဉ် စမ်းသပ်ပျံသန်းမှုစတင်

အစ္စရေးနိုင်ငံ Tel Aviv မြို့တွင် လွတ်လပ်ရေးနေ့ အခမ်းအနား လေကြောင်းပြပွဲတွင် တိုက်လေယာဉ်တစ်စင်းအား ၂၀၂၃ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ စစ်တပ်က ဉာဏ်ရည်စနစ်များ တပ်ဆင်ထားသော Gulfstream G550 အခြေပြု ကင်းထောက်လေယာဉ် Oron စမ်းသပ်ပျံသန်းမှု စတင်လိုက်ကြောင်း သိရသည်။
“နောက်ဆုံးပေါ်” Oron လေယာဉ်တွင် အသိဉာဏ်ထည့်သွင်းထားသောစနစ်များ ပေါင်းစပ်ပြီးနောက် စစ်တပ်အနေဖြင့် စမ်းသပ်ပျံသန်းမှုများ စတင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၇ ရက် ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်သည် အစ္စရေးစစ်တပ်ကို “ကျယ်ပြန့်သောမြေပြင်အနေအထားတွင် မကြုံဖူးသော အသိဉာဏ်ရည်စွမ်းဆောင်ရည်ရှိခြင်း၊ ရာသီဥတုအမျိုးမျိုးနှင့် မြင်တွေ့နိုင်မှု အခြေအနေအမျိုးမျိုးတွင် မြေပြင်လှုပ်ရှားမှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နိုင်ခြင်း” စသည်တို့အား ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဆင်ရေးလေယာဉ်တပ်ဖွဲ့ အကြီးအကဲဖြစ်ပြီး နာမည်ပထမစာလုံး “Y” ဟူသော စာလုံးဖြင့်သာ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသူက ကင်းထောက်လေယာဉ်၏ ပြိုင်ဘက်ကင်း စွမ်းဆောင်မှုများတွင် ကျယ်ပြန့်သောဧရိယာရှိ ပစ်မှတ်များစွာကို တိကျမှန်ကန်စွာ ခြေရာခံနိုင်စွမ်းရှိမှုလည်း ပါဝင်ကြောင်း၊ ကျယ်ပြန့်လွန်းလှသော အကွာအဝေးများတွင် တိကျမှုမြင့်မားပြီး အန္တရာယ်အားလုံးကို ပြတ်ပြတ်သားသား၊ အချိန်မီတုံ့ပြန်နိုင်စွမ်းလည်း ရှိကြောင်း ပြောကြားခဲ့သည်။

Oron ကင်းထောက်လေယာဉ်ကို အမေရိကန် အခြေစိုက် Gulfstream Aerospace က စောင့်ကြည့်ရေးဆိုင်ရာ စစ်ဆင်ရေးများအတွက် G550 မူကွဲ အထူးမစ်ရှင်များအဖြစ် ၂၀၂၁ ခုနှစ်တွင် အစ္စရေးလေတပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………

(English Version)

Israel begins test flights of “cutting-edge” spy aircraft: military
JERUSALEM, Aug. 27 (Xinhua) — Israel’s military has started test-flying Oron, a Gulfstream G550-based reconnaissance aircraft equipped with intelligence systems.
The Defense Ministry said in a statement on Sunday that after integrating the intelligence systems into “the cutting-edge” Oron aircraft, the military has started test flights.
The aircraft will provide the Israeli military with “unprecedented intelligence capabilities across expansive terrain, enabling real-time monitoring of ground movements under diverse weather and visibility conditions,” the ministry said.
Head of the Defense Ministry’s Missionized Aircraft Branch, identified in the press release only by his first initial, Y, said its unique capabilities include the ability to accurately track multiple targets across a wide area of coverage,” with high precision over great distances and in real-time, enabling a decisive and timely response to all threats.”
Oron was delivered in 2021 by U.S.-based airframer Gulfstream Aerospace to the Israeli Air Force as a special-missions G550 variant for surveillance operations.
Photo: A fighter jet performs during an air show celebrating Israel’s Independence Day in Tel Aviv, Israel, on April 26, 2023. (Gideon Markowicz/JINI via Xinhua)