Videos
တရုတ်စစ်တပ်က အမေရိကန်စစ်တပ်နှင့် အတူတကွဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြော
ပေကျင်း၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စစ်တပ်သည် အမေရိကန်စစ်တပ်နှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိခဲ့သော သဘောတူညီချက်များ အကောင်အထည်ဖော်ရန် အသင့်ရှိကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က နိုဝင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် နှစ်နိုင်ငံစစ်တပ်များကြား ဆက်ဆံရေးကို တန်ဖိုးထားကြောင်း တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝူချန်းက ပြောကြားခဲ့သည်။နှစ်နိုင်ငံ ခေါင်းဆောင်များကြား ရရှိထားသော သဘောတူညီချက်အရ တရုတ်နိုင်ငံသည် သာတူညီမျှမှုနှင့် လေးစားမှု၊ အဆင့်မြင့်ဆက်ဆံရေးပေါ်အခြေခံ၍ နှစ်ဘက်စစ်တပ်များ၊ တရုတ်-အမေရိကန် ကာကွယ်ရေးမူဝါဒညှိနှိုင်းရေးဆွေးနွေးမှုများနှင့် တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ ရေကြောင်းညှိနှိုင်းဆွေးနွေးရေးသဘောတူညီမှု အစည်းအဝေးများ ပြန်လည်စတင်မည်ဖြစ်သလို စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးမှူးများကြား တယ်လီဖုန်းဆက်သွယ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် ယင်းကိစ္စနှင့်စပ်လျဉ်း၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အထူးအလေးထားကာ ဆွေးနွေး ညှိနှိုင်းလျက်ရှိကြောင်း ဝူက ဆိုသည်။တရုတ်နိုင်ငံ စစ်တပ်သည် အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းများအရ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှု ဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ စစ်တပ်များကြား ခိုင်မာ၍ တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)
——————————-
Chinese military ready to work with U.S. counterpart: defense ministry
BEIJING, Nov. 30 (Xinhua) — A Chinese defense spokesperson on Thursday said the Chinese military stands ready to work with its United States counterpart to implement the consensuses reached by the two heads of state.
Wu Qian, a spokesperson for the Ministry of National Defense, said China values the ties between the two countries’ militaries.
According to the consensus reached between the two heads of state, the two countries will resume, on the basis of equality and respect, high-level communication between the two militaries, the China-U.S. Defense Policy Coordination Talks, and the China-U.S. Military Maritime Consultative Agreement meetings, and conduct telephone conversations between theater commanders.
The defense authorities of the two countries are in communication and coordination with each other in this regard, Wu said.
The Chinese military is also willing to carry out exchanges and cooperation in accordance with the principles of mutual respect, peaceful coexistence and win-win cooperation, and promote the sound and steady development of ties between the two militaries, he said.