Connect with us

China

ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများ ပထမဆုံး အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်မှုပြီးစီး

အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်နေသော ရှန်ကျိုး-၁၇ အာကာသယာဉ်မှူး ထန်စိန့်ကျယ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာက ရိုက်ကူးထားသော ဖန်သားပြင်ရုပ်ပုံမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းလည်ပတ်နေသော တရုတ်နိုင်ငံ၏ အာကာသစခန်းရှိ ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများသည် ဒီဇင်ဘာ ၂၁ ရက် ပေကျင်းစံတော်ချိန် ည ၉:၃၅ နာရီတွင် ပထမဆုံး အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ခြင်း ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါနိုင်သောအာကာသအေဂျင်စီထံမှ သိရသည်။

ထန်းဟုန်ပေါ၊ ထန်စိန့်ကျယ်၊ ကျန်းရှင်းလျင်တို့သည် မြေပြင်အဖွဲ့နှင့် အာကာသစခန်း၏ စက်ရုပ်လက်မောင်းတံတို့၏ အကူအညီဖြင့် ထျန်းဟဲပင်မမော်ဂျူးဆိုလာတောင်ပံ စမ်းသပ်ပြုပြင်မှုကဲ့သို့သော လုပ်ငန်းတာဝန်များ ပြီးစီးရန် အချိန် ၇ နာရီခွဲကြာ လုပ်ဆောင်ခဲ့သည်။

ဒုတိယအကြိမ်မြောက် မစ်ရှင်အတွက် အာကာသစခန်းသို့ ပြန်လည်ရောက်ရှိလာသော တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသခရီးသွား ထန်းဟုန်ပေါအတွက် ဒုတိယအကြိမ် အာကာသယာဉ်ပြင်ပလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်သည်။ ထန်စိန့်ကျယ်ကမူ ထိုတာဝန်များထမ်းဆောင်သည့် တရုတ်နိုင်ငံ၏ အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်လာခဲ့သည်။
အနာဂတ်တွင် ရှန်ကျိုး-၁၇ အာကာသယာဉ်မှူးများသည် စီစဉ်ထားသော အာကာသသိပ္ပံ လက်တွေ့စမ်းသပ်မှုများ၊ နည်းပညာစမ်းသပ်မှုများ၊ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ခြင်းနှင့် အာကာသယာဉ်ပြင်ပ ကုန်ပစ္စည်းများတပ်ဆင်ခြင်း စသည့် အရေးပါသောလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

၎င်းတို့သည် အောက်တိုဘာ ၂၆ ရက်က ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ပြီးချိန်မှစ၍ ရှန်ကျိုး-၁၆ အာကာသယာဉ်မှူးများနှင့် အလှည့်ကျတာဝန်လွှဲပြောင်းခြင်း၊ အာကာသစခန်းပလက်ဖောင်း ပြုပြင်ထိန်းသိမ်းခြင်း၊ နေထိုင်မှုနှင့် ကျန်းမာရေးပံ့ပိုးမှု၊ အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်ရေးဝတ်စုံ စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်း၊ ထျန်းကျိုး-၆ အာကာသယာဉ်ကိရိယာစစ်ဆေးခြင်းများ အပါအဝင် လုပ်ငန်းတာဝန်များစွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် စက်ရုပ်လက်မောင်းတံ လေ့ကျင့်ခြင်း၊ အရေးပေါ်အသက်ကယ်လေ့ကျင့်မှုများ၊ ကျန်းမာရေးကယ်ဆယ်ရေးလေ့ကျင့်မှုများနှင့် အရေးပေါ်ဖိအား စနစ်အပြည့်အစုံဖြင့်လေ့ကျင့်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

အာကာသယာဉ်ပြင်ပလုပ်ငန်းဆောင်ရွက်နေသော ရှန်ကျိုး-၁၇ အာကာသယာဉ်မှူး ထန်းဟုန်ပေါ (ယာ) နှင့် ထန်စိန့်ကျယ်တို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာက ရိုက်ကူးထားသော ဖန်သားပြင်ရုပ်ပုံမှတစ်ဆင့် တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Shenzhou-17 crew completes first spacewalk
BEIJING, Dec. 21 (Xinhua) — The Shenzhou-17 crew members on board China’s orbiting space station completed their first spacewalk at 9:35 p.m. (Beijing Time) on Thursday, according to the China Manned Space Agency.
Tang Hongbo, Tang Shengjie and Jiang Xinlin worked seven-and-a-half hours to complete set tasks such as a Tianhe core module solar wing repair test, with the assistance of a ground team and the space station’s robotic arm.
It was the second time that Tang Hongbo, China’s first space traveler to return to the space station for a second mission, has performed a spacewalk. Tang Shengjie became the country’s youngest astronaut to carry out an extravehicular mission.
In the future, the Shenzhou-17 crew will complete a significant number of planned space science experiments, technical tests, spacewalks and the installation of extravehicular payloads.
They have performed many tasks since they entered the orbital complex on Oct. 26, including a crew rotation with Shenzhou-16 astronauts, space station platform maintenance, life and health support, extravehicular spacesuit inspections and tests, and Tianzhou-6 cargo ship equipment inspections.
They have also undertaken robotic arm operations training, emergency life-saving drills, medical rescue drills, and full-system pressure emergency drills.
Photo 1: This screen image captured at Beijing Aerospace Control Center on Dec. 21, 2023 shows Shenzhou-17 astronaut Tang Shengjie performing extravehicular activities. (Photo by Han Qiyang/Xinhua)
Photo 2: This screen image captured at Beijing Aerospace Control Center on Dec. 21, 2023 shows Shenzhou-17 astronauts Tang Hongbo (R) and Tang Shengjie performing extravehicular activities. (Xinhua/Li Jie)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.