Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲ အမျိုးသမီး မီတာ ၅၀ ဖားကူးနည်းပြိုင်ပွဲပြီးနောက် ပရိသတ်ကိုနှုတ်ဆက်နေသော တရုတ်ရေကူးမယ် Tang Qianting ကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

— ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ်နှစ်ဆု ထပ်မံဆွတ်ခူး
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အောက်တိုဘာ ၂၀ ရက်က ကျင်းပပြီးစီးခဲ့သော FINA ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲ၌ တရုတ်နိုင်ငံက ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၁၁ ခုနှင့် ကြေးတံဆိပ် ၇ ခု ဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲနောက်ဆုံးနေ့တွင် Tang Qianting နှင့် Tang Muhan တို့က ရွှေတံဆိပ်တစ်ခုစီ ထပ်မံရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီး မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲတွင် တရုတ်ရေကူးအားကစားသမားများက ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ရွှေတံဆိပ်၊ ‌ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုတံဆိပ်များစွာ သိမ်းပိုက်ရယူနိုင်ခဲ့သည်။
…..
— နမီးဘီးယားက COSAFA အမျိုးသမီး ချန်ပီယံရှစ်အတွက် ကစားသမား ၂၀ ဦးစာရင်းထုတ်ပြန်ကြေညာ
နမီးဘီးယား အမျိုးသမီးဘောလုံးအသင်း နည်းပြ ဝူဒီဂျက်ကော့ဘ်က တောင်အာဖရိကဘောလုံးအသင်းကောင်စီ (COSAFA) အမျိုးသမီးချန်ပီယံရှစ်အတွက် နောက်ဆုံးကစားသမား ၂၀ စာရင်းကို အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။
COSAFA အမျိုးသမီးချန်ပီယံရှစ်ကို တောင်အာဖရိကနိုင်ငံတွင် အောက်တိုဘာ ၂၂ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
နမီးဘီးယားသည် တောင်အာဖရိ၊ ဆေးရှဲလ်နှင့် အက်စ်ဝါတီနီ အသင်းများနှင့် အုပ်စုအေတွင် ကျရောက်သည်။ နမီးဘီးယားအသင်းက တောင်အာဖရိကအသင်းနှင့် အောက်တိုဘာ ၂၂ ရက်၌ ပထမဆုံးယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— မက်ဆီ၏ ဟက်ထရစ်များဖြင့် အင်တာမိုင်ယာမီက နယူးအင်္ဂလန်ကို အနိုင်ရ
နယူးအင်္ဂလန်အသင်းနှင့် အောက်တိုဘာ ၁၉ ရက်က ကစားခဲ့သော မေဂျာလိဂ်ပွဲစဉ်တွင် အင်တာမိုင်ယာမီအသင်းမှ မက်ဆီက အချိန် ၁၁ မိနစ်အတွင်း သုံးဂိုးသွင်းယူနိုင်ခဲ့ပြီး အင်တာမိုင်ယာမီအသင်းက နယူးအင်္ဂလန်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဖလား ရေကူးပြိုင်ပွဲ အမျိုးသား မီတာ ၂၀၀ ဖားကူးနည်းပြိုင်ပွဲ၌ တရုတ်ရေကူးအားကစားသမား Qin Haiyang (အလယ်) ယှဉ်ပြိုင်မှုကို အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


………………………
(English Version)
China win two more gold medals at Swimming World Cup
SHANGHAI, Oct. 20 (Xinhua) — The FINA Swimming World Cup in Shanghai concluded on Sunday, with China securing a total of six gold, 11 silver, and seven bronze medals. Tang Qianting and Tang Muhan each claimed a gold medal on the final day of the competition.
Chinese swimmers excelled in the women’s 800m freestyle, sweeping the podium with gold, silver and bronze medals.
Photo 1: Tang Qianting of China reacts after the women’s 50m breaststroke final at the World Aquatics Swimming World Cup 2024 in Shanghai, China, Oct. 20, 2024. (Xinhua/Wang Xiang)
Photo 2: Qin Haiyang (C) of China competes during the men’s 200m breaststroke final at the World Aquatics Swimming World Cup 2024 in Shanghai, China, Oct. 20, 2024. (Xinhua/Fang Zhe)
…..
Namibia announces 20-player squad for COSAFA women’s championship
WINDHOEK, Oct.21 (Xinhua) — Namibia’s women’s football coach Woody Jacobs announced the final 20-player squad on Sunday, ahead of the Council of Southern Africa Football Associations (COSAFA) Women’s Championship.
The COSAFA Women’s Championship will run from October 22 to November 2 in South Africa.
Namibia is in Group A with South Africa, Seychelles and Eswatini. Their first match will be against South Africa on Tuesday.
…..
Messi nets hat-trick as Inter Miami rout New England
FORT LAUDERDALE, Oct. 19 (Xinhua) — Lionel Messi scored three goals in 11 minutes as Inter Miami recovered from two goals down to cruise to a 6-2 home win over New England in Major League Soccer on Saturday.