Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ချန်ပီယံလိဂ်ပွဲစဉ်၌ လီဗာပူးလ်က လိုက်ပ်ဇစ်အား ကျဉ်းမြောင်းသော ရလဒ်ဖြင့် အနိုင်ရရှိ
အောက်တိုဘာ ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်အသင်းနှင့် လိုက်ပ်ဇစ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းက ဒါဝင်နူနက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးပွဲလုံးအနိုင်ရရှိထားသည်။
ပထမပိုင်းပွဲချိန် အစောပိုင်းတွင် လိုက်ပ်ဇစ်အသင်းက လီဗာပူးလ်အသင်းဘက်သို့ ဂိုးပေါက်ခြိမ်း‌ခြောက်မှုများ ပြုလုပ်ခဲ့သော်လည်း လိုက်ပ်ဇစ်ကွင်းလယ်ကစားသမား အမာဒူ ဟိုက်ဒရာနှင့် တိုက်စစ်မှူး ဘန်ဂျမင် ဆက်ဆကိုတို့က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းမရှိပေ။ ပွဲချိန် ၂၇ မိနစ်တွင် လီဗာပူးလ်တိုက်စစ်မှူး နူနက်ဇ်က မိုဆာလာ၏ ဖန်တီးပေးမှုမှတစ်ဆင့် အနီးကပ်သွင်းယူကာ အသင်းအတွက် အနိုင်သုံးမှတ်ကို ရယူပေးခဲ့သည်။
…..
IOC ဥက္ကဋ္ဌက ယူဂန္ဓာ သမ္မတအား ဂုဏ်ထူးဆောင် ရွှေတံဆိပ် ချီးမြှင့်
အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ကြိုးပမ်းခဲ့မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ သောမတ်စ်ဘက်ချ်က ယူဂန္ဓာနိုင်ငံ သမ္မတအား ဂုဏ်ထူးဆောင် ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။
IOC ဥက္ကဋ္ဌက ယူဂန္ဓာနိုင်ငံ အန်တက်ဘီမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာသို့ အောက်တိုဘာ ၂၃ ရက်က သွားရောက်လည်ပတ်စဉ်အတွင်း သမ္မတ ယိုဝီရီ ကာဂူတာ မူဆီဗီနီအား ဂုဏ်ထူးဆောင် ရွှေတံဆိပ် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
…..
AFC Champions League ပြိုင်ပွဲတွင် ရှန်ဟိုင်းရှန်ဟွာက ကာဝါဆာကီ ဖရွန်တေးလ်အား အနိုင်ရရှိ
အောက်တိုဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၄-၂၀၂၅ AFC Champions League Elite ပြိုင်ပွဲတွင် တရုတ်စူပါလိဂ် ကလပ်အသင်း ရှန်ဟိုင်းရှန်ဟွာက အိမ်ကွင်း၌ ဂျပန်ကလပ် ကာဝါဆာကီ ဖရွန်တေးလ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရှန်ဟိုင်းရှန်ဟွာအသင်းမှ ဝမ်ဟိုင်ကျန်းက ပွဲချိန် ၂၄ မိနစ်တွင် ပြိုင်ဖက်အသင်း၏ ဂိုးဧရိယာထဲသို့ အလျင်အမြန် ပြေးဝင်ကန်သွင်းရာ ပြိုင်ဘက်နောက်ခံလူနှင့်ထိ၍ ဂိုးဝင်သွားသဖြင့် ရှန်ဟိုင်းရှန်ဟွာက ပထမပိုင်းတွင် ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
နာကျင်အချိန်ပိုတွင် ရှန်ဟိုင်းရှန်ဟွာ ကစားသမား အန်ဒရေ လူးဝစ္စက ၎င်းပြစ်ဒဏ်ကျူးလွန်ခံရမှုကြောင့် ရရှိလာသည့် ပင်နယ်တီအား ကိုယ်တိုင်ကန်သွင်းကာ အသင်းအတွက် ဒုတိယဦးဆောင်ဂိုးအား သွင်းယူခဲ့သည်။
…..
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဖရိကမှ အနည်းဆုံး ၉ သင်း ပါဝင်မည်ဟု ဖီဖာဥက္ကဋ္ဌ အတည်ပြု
အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဖရိကတိုက်မှ အနည်းဆုံး ၉ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက အောက်တိုဘာ ၂၂ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
အောက်တိုဘာ ၂၂ ရက်က အီသီယိုပီးယားနိုင်ငံ၏မြို့တော် အက်ဒစ်စ် အဘာဘာ၌ ကျင်းပသည့် ၄၆ ကြိမ်မြောက် အာဖရိက ဘောလုံးအဖွဲ့ချုပ် (CAF) ပုံမှန် အထွေထွေညီလာခံ ဖွင့်ပွဲ၌ အင်ဖန်တီနိုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ အဆိုပါ ညီလာခံသို့ အာဖရိကတစ်လွှားမှ အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ (Xinhua)


……………………………
(English Version)
UEFA Champions League: Liverpool reap narrow win at Leipzig
Liverpool made it three wins on the bounce as Darwin’s lone goal secured a narrow 1-0 victory over a tenacious RB Leipzig side in the third round on Wednesday.
Leipzig came into the game highly motivated and put Liverpool on the back foot as Amadou Haidara tested goalkeeper Caoimhin Kelleher, while Benjamin Sesko’s dangerous curled shot went just wide in the opening stages. It took Liverpool some time to get going, but they shocked the home side with their first chance in the 27th minute when Darwin tapped home Mo Salah’s header from close range.
…..
IOC President Bach awards Ugandan President Museveni honorary gold medal
The President of International Olympic Committee (IOC), Thomas Bach, has recognized the effort of Uganda’s president to contribute to the growth of sports by awarding him a medal.
Bach awarded President Yoweri Kaguta Museveni an honorary gold medal during his Wednesday visit to the State House in Entebbe.
…..
ACL: Shanghai Shenhua beat Kawasaki Frontale
China’s Shanghai Shenhua beat Japan’s Kawasaki Frontale 2-0 at home in the 2024-25 AFC Champions League Elite on Wednesday.
In the 24th minute, Wang Haijian rushed through the penalty arc and gave a shot on the edge of the penalty area. The ball bounced off the defender into the net, and Shanghai Shenhua led 1-0 in the first half.
In injury time, Shenhua’s Andre Luis was brought down in the box and earned a penalty. He scored from the spot to seal the win.
…..
FIFA president confirms at least 9 African teams for 2026 World Cup
FIFA President Gianni Infantino on Tuesday confirmed that at least nine African teams will compete in the 2026 World Cup that will take place in the United States, Mexico and Canada.
Infantino made the remarks when the 46th Confederation of African Football (CAF) Ordinary General Assembly opened on Tuesday in Addis Ababa, the capital of Ethiopia, bringing together leaders and delegates of member associations from across Africa.