Connect with us

Africa & Middle East

ဓားစာခံများ လွတ်မြောက်ရေးအတွက် ဆွေးနွေးရန် အစ္စရေး၏ မော့ဆက်အကြီးအကဲ ဒိုဟာသို့ သွားရောက်မည်

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့် ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားနေခိုက် အမြန်ဆုံး အပစ်ရပ်စဲရေးနှင့် ဂါဇာ၌ ဖမ်းဆီးခံထားရသော အစ္စရေး ဓားစာခံများ လွတ်မြောက်ရေးအတွက် ဂျေရုဆလမ်မြို့၌ တောင်းဆိုဆန္ဒပြနေသူများကို ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
အစ္စရေး ထောက်လှမ်းရေးအဖွဲ့ (မော့ဆက်) အကြီးအကဲ ဒေးဗစ် ဘာနီယာသည် ဂါဇာဒေသမှ ဓားစာခံများ လွတ်မြောက်ရေးအတွက် ဆွေးနွေးရန် အောက်တိုဘာ ၂၇ ရက်၌ ကာတာနိုင်ငံ ဒိုဟာမြို့သို့ သွားရောက်မည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု၏ရုံးက အောက်တိုဘာ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
ဘာနီယာက အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) ညွှန်ကြားရေးမှူး ဝီလီယမ်ဘန်းစ်၊ ကာတာနိုင်ငံ ဝန်ကြီးချုပ် ရှိတ်မိုဟာမက် ဘင်အဗ္ဗဒူရာမန် ဘင် ဂျက်ဆင် အယ်သနီတို့နှင့် တွေ့ဆုံကာ လတ်တလော ဖြစ်‌ပေါ်နေသည့် အခြေအနေများအပေါ် မူတည်ကာ ဂါဇာ၌ ဖမ်းဆီးခံထားရသော အစ္စရေးဓားစာခံများ လွတ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်မည့် အလားအလာနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထို့အတူ အီဂျစ် အထွေထွေထောက်လှမ်းရေးဌာန၏ အကြီးအကဲသစ် ဟတ်ဆန် မာမွတ် ရာရှက်ဒ်သည်လည်း ယင်းဆွေးနွေးမှုများတွင် ပါဝင်မည်ဟု မျှော်လင့်ရကြောင်း အစ္စရေးနိုင်ငံပိုင်ရုပ်သံ Kan TV News က ဖော်ပြခဲ့သည်။
အစ္စရေးက ဟားမက်စ်အဖွဲ့ခေါင်းဆောင် ယာ့ယာစင်ဝါ၊ ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ဟတ်ဆန် နက်စ်ရာလာတို့အား လုပ်ကြံခဲ့ပြီးနောက် အစ္စရေးအနေဖြင့် ဓားစာခံများ လွတ်မြောက်ရေး သ‌ဘောတူညီချက်အတွက် ပြောင်းလွယ်ပြင်လွယ်ဖြစ်စွာ ဆက်လက်လုပ်ဆောင်ရမည်ဟု ဘာနီယာက မကြာသေးမီက ပြောကြားခဲ့သည်။
အစ္စရေး၌ ထောင်ဒဏ်ကျခံနေရသော ပါလက်စတိုင်း အကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးစစ်တပ် ဆုတ်ခွာရေး၊ လက်ရှိဆင်နွှဲနေသော စစ်ပွဲအား ရပ်တန့်ရေးအတွက် အပြင်းအထန် တောင်းဆိုနေသော ဟားမက်စ်အဖွဲ့နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများရှိနေကြောင်း အဆိုပါ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိထားသော အစ္စရေး အစိုးရတာဝန်ရှိသူတစ်ဦးက Kan TV News သို့ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံမှ စေ့စပ်ဆွေးနွေးရေး အဖွဲ့တစ်ဖွဲ့ကလည်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိနိုင်မည့် နည်းလမ်းများကို ဆွေးနွေးရန် အစ္စရေးနိုင်ငံမှ စေ့စပ်ဆွေးနွေးရေး အဖွဲ့နှင့်အတူ ဒိုဟာသို့ လာရောက်မည်ဖြစ်ကြောင်း ကာတာ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် အယ်သနီက အဆိုပါနေ့ အစောပိုင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကာ အချိန်အတိအကျကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။
အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့က ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်စေ့စပ်ပေးရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း၊ ယာ့ယာစင်ဝါ လုပ်ကြံခံရပြီးနောက် စေ့စပ်ညှိနှိုင်းသူများက ဟားမက်စ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ ဟားမက်စ်အဖွဲ့က အစ္စရေး တောင်ပိုင်းနယ်စပ်ကို ဖြတ်ကျော်၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁,၂၀၀ ခန့် သေဆုံးကာ လူ ၂၅၀ ခန့် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အား လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်စ်အဖွဲ့အား အကြီးစား ထိုးစစ်ဆင်မှုကို လုပ်ဆောင်လျက်ရှိသည်။
ဂါဇာ၌ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သော အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းဘက်တွင် သေဆုံးသူ ၄၂,၈၄၇ ဦး ရှိလာခဲ့သည်ဟု ဂါဇာအခြေစိုက် ကျန်းမာရေးဌာန တာဝန်ရှိသူများက အောက်တိုဘာ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။ (Xinhua)


……………………………..
(English Version)
Israel’s Mossad chief to head to Doha for hostage deal talks: PM’s office
JERUSALEM, Oct. 24 (Xinhua) — David Barnea, chief of Israel’s Mossad intelligence agency, will head to Qatar’s Doha on Sunday to discuss the release of hostages in Gaza, the office of Israeli Prime Minister Benjamin Netanyahu said Thursday.
Barnea will meet with U.S. Central Intelligence Agency Director William Burns and Qatari Prime Minister Sheikh Mohammed bin Abdulrahman bin Jassim Al Thani, discussing with them the possibilities of restarting negotiations for the release of Israeli hostages held in Gaza, against the background of the latest developments, the office said in a statement.
Meanwhile, Israel’s state-owned Kan TV News reported that Hassan Mahmoud Rashad, the new head of Egypt’s General Intelligence Service, is also expected to participate in the talks.
According to the channel, after Israel’s assassinations of Hezbollah leader Hassan Nasrallah and Hamas leader Yahya Sinwar, Barnea recently said that Israel must act flexibly to move forward with the hostage release deal.
An Israeli official familiar with the talks told the channel that there are question marks regarding Hamas, which insists on its demands for the release of Palestinian prisoners jailed in Israel, withdrawal of the Israeli military from the Gaza Strip, and an end to the ongoing war.
Earlier in the day, Al Thani, also Qatar’s foreign minister, told a press conference that “a negotiating team from the United States will visit Doha alongside the negotiating team from the Israeli side to discuss means by which a breakthrough can be achieved,” without specifying the timetable.
He said that the United States, Qatar, and Egypt are continuing their efforts to broker a ceasefire in Gaza and that the mediators have “re-engaged” with Hamas following the killing of Sinwar.
Israel has been conducting a large-scale offensive against Hamas in the Gaza Strip to retaliate against a Hamas rampage through the southern Israeli border on Oct. 7, 2023, during which about 1,200 people were killed and around 250 taken hostage.
The Palestinian death toll from ongoing Israeli attacks in Gaza has risen to 42,847, Gaza-based health authorities said in a statement on Thursday. Enditem
English Version
People take part in a protest calling for an immediate ceasefire and the release of Israeli hostages held in Gaza amid the ongoing conflict between Israel and Hamas in the Gaza Strip, in Jerusalem, on July 6, 2024. (Xinhua/Chen Junqing)