Connect with us

Myanmar

ရုံးသုံးပစ္စည်းမှ မိသားစုလက်ဆောင်ပစ္စည်းအထိ မြန်မာနိုင်ငံ၌ အွန်လိုင်းဈေးဝယ်ခြင်းက လူကြိုက်များလာ

မြန်မာနိုင်ငံ ရန်ကုန်မြို့လယ်၌ သွားလာနေသူများအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ အိုင်တီပညာရှင် အသက် ၃၂ နှစ်အရွယ်ရှိ ကိုစိုးအောင်က ရုံးတစ်ရုံးတွင် ပုံမှန်ရုံးတက် လုပ်ကိုင်နေရင်းနှင့် ပြည်တွင်းအရောင်းဆိုင်များတွင် ရှာရခက်သည့် ကေဘယ်လ်ကြိုးပစ္စည်းများအား အင်တာနက်တွင် ရှာဖွေလျက်ရှိသည်။
လူအများကဲ့သို့ပင် အွန်လိုင်းမှ ဝယ်ယူခြင်းက လွယ်ကူအဆင်ပြေသည့်အတွက်ကြောင့် အသုံးပြုခြင်း ဖြစ်ကြောင်း ကိုစိုးအောင်က ပြောပြခဲ့သည်။
“ပစ္စည်းတွေကို ရှာရခက်တာ ဒါမှမဟုတ် ဆိုင်တွေကထက် ဈေးသက်သာတာကြောင့် အွန်လိုင်းကနေ အများဆုံး ဝယ်ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ထိုနည်းလမ်းဖြင့် အိုင်တီဆက်စပ်ပစ္စည်းများအား မကြာခဏ မှာယူဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ “ဆိုင်တွေကထက်တောင် အွန်လိုင်းမှာက ပိုပြီး ဈေးသက်သာတာကြောင့် ပြီးတဲ့လက ရုံးအတွက် ကွန်ပြူတာမော်နီတာသုံးလုံးတောင် ဝယ်လိုက်သေးတယ်”ဟု ကိုစိုးအောင်က ပြောပြခဲ့သည်။

မြန်မာနိုင်ငံ၌ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းများက အလျင်အမြန် ကြီးထွားဖွံ့ဖြိုးလာခဲ့သည်။ Shop.com.mm ၊ Rgo47 ၊ Foodpanda နှင့် GrabFood ကဲ့သို့သော ပလက်ဖောင်းများက သုံးစွဲသူများအား ၎င်းတို့၏ စမတ်ဖုန်းများဖြင့် မည်သည့်အရာမဆို မှာယူရရှိစေသည်။ KBZPay ၊ AYAPay ၊ Wave Pay ၊ Visa ၊ MasterCard အစရှိသည့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းအမျိုးမျိုးဖြင့် အွန်လိုင်းပလက်ဖောင်းအသီးသီးတွင် ဈေးဝယ်ယူခြင်းက အဆင်ပြေစေကြောင်း သုံးစွဲသူများက ပြောကြားခဲ့သည်။
ကိုစိုးအောင်က ၎င်း၏ဇနီးဖြစ်သူအတွက် မကြာခဏ အွန်လိုင်းမှ အစားအစာများ မှာယူဖြစ်ကြောင်း ပြောပြခဲ့သည်။ “အခုဆိုရင် Foodpanda နဲ့ Grab တို့မှာ စားသောက်ဆိုင်ကြီးတွေတောင် ရှိတယ်။ ကျွန်တော်တို့ လိုချင်တဲ့ အစားအစာတွေ ရနိုင်သလို သွားလာစရိတ်နဲ့အချိန်လည်း သက်သာတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
အင်တာနက်အသုံးပြုနိုင်ခြင်းနှင့်အတူ Udemy ကဲ့သို့သော နေရာများတွင် ကမ္ဘာတစ်ဝန်းရှိ ကထိကများက ပို့ချပေးသည့် အွန်လိုင်းသင်တန်းများကိုပင် တက်ရောက်နိုင်ကြောင်း ကိုစိုးအောင်က ပြောပြခဲ့သည်။ “အဲဒီသင်တန်းတွေက အချိန်နဲ့ ငွေကြေး အကုန်အကျ သက်သာပါတယ်။ တချို့ ဘာသာရပ်တွေအတွက် အွန်လိုင်းသင်ခန်းစာတွေကို ကြိုက်တယ်။ တချို့ကိုကျတော့ နှစ်မျိုးပေါင်းသင်တဲ့ပုံစံမျိုးကို ကြိုက်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ များပြားလာသည်နှင့်အမျှ အထူးသဖြင့် ကိုဗစ်ကာလနောက်ပိုင်းတွင် အွန်လိုင်းဈေးဝယ်မှုနှင့် e-commerce လုပ်ငန်းများ ပိုမိုကြီးထွားလာသည်ကို တွေ့ရကြောင်း၊ ယင်းအနေအထားက ဈေးဝယ်သူများအတွက် အဆင်ပြေမှု ပေးနိုင်သလို ကုန်ကျစရိတ် လျှော့ချပေးနိုင်သည်ကိုလည်း တွေ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မအူပင်မြို့ရှိ အသက် ၂၉ နှစ်အရွယ် မချယ်ရီဆိုသူက အခါကြီးရက်ကြီးများတွင် အွန်လိုင်းဈေးဝယ်ယူခြင်း၏ အရေးပါပုံကို ရှင်းပြခဲ့သည်။ “ဒီလမှာ ကျွန်မရဲ့အဘွားကို လက်ဆောင်ပစ္စည်း ဝယ်ချင်ပေမဲ့ လူကိုယ်တိုင် သွားဝယ်ဖို့ အချိန်မရခဲ့ဘူး”ဟု ၎င်းက ပြောပြခဲ့သည်။ “အွန်လိုင်းကနေ ဝယ်ယူတာက ကျွန်မအလုပ်များနေရင်တောင်မှ စဉ်းစားရွေးချယ်ထားတဲ့ လက်ဆောင်တွေကို ပို့ ပေးနိုင်ပါတယ်။ ဒီအပိုင်းကတော့ အထင်ကြီးစရာပါပဲ”ဟု ပြောကြားခဲ့သည်။
မချယ်ရီက အွန်လိုင်းစီးပွားရေးလုပ်ငန်းများ စတင်ပေါ်ပေါက်လာချိန်မှစ၍ အွန်လိုင်းမှ ဝယ်ယူအသုံးပြုသူတစ်ဦး ဖြစ်ရုံသာမက လက်လီရောင်းချသူတစ်ဦးလည်း ဖြစ်သည်။ “ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ ဆောင်းရာသီအတွက် ဟူဒီအနွေးထည်တချို့ကို အွန်လိုင်းကနေ တက္ကသိုလ်ကျောင်းသားတွေကို ရောင်းခဲ့ပါသေးတယ်။ တစ်နှစ်မှာ တစ်လ၊ နှစ်လလောက် ရောင်းခဲ့ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ကို e-commerce လောကသို့ ဝင်ရောက်နိုင်ရန်နှင့် အွန်လိုင်းစီးပွားရေးကဏ္ဍတွင် ယှဉ်ပြိုင်နိုင်စေရန် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ e-commerce နှင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂ ရက်တွင် e-Com Registration System အား စတင်အကောင်အထည်ဖော်ခဲ့ပြီး ယင်းစနစ်ကနေ Online Sale မှတ်ပုံတင်လက်မှတ်များ ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုများနှင့် ကိုယ်ရေးကိုယ်တာဆိုင်ရာ ဒေတာချိုးဖောက်မှုများမှ စားသုံးသူများကို ကာကွယ်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူဥပဒေ ပြဌာန်းကာ တိကျသော ဥပဒေ၊ မူဝါဒများနှင့် ထိန်းကျောင်းနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ Online Sale မှတ်ပုံတင်လက်မှတ် ခန့်မှန်း ၈,၈၉၁ ခန့် ထုတ်ပေးထားပြီးဖြစ်ကြောင်း တာဝန်ရှိသူက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အဆောက်အဦတစ်ခုရှေ့တွင် အွန်လိုင်းမှမှာယူသော အစားအစာ ပစ္စည်းပို့ဆောင်သူတစ်ဦးအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(English Version)
Feature: From office supplies to family gifts, online shopping gains traction in Myanmar
YANGON, Oct. 31 (Xinhua) — On a typical weekday in his Yangon office this week, Soe Aung, a 32-year-old IT technician, browses the internet for cable organizers — items he finds hard to locate in local stores.
Like many in Myanmar, Soe Aung said he embraced online shopping for its convenience and accessibility.
“I mostly buy products online when they’re cheaper than in physical stores or hard to find locally,” he said, adding that he often orders IT accessories this way. “I even bought three computer monitors for my office last month, as they were more affordable online than in physical stores,” he said.
In Myanmar, the online shopping landscape has evolved rapidly. Platforms like Shop.com.mm, rgo47, foodpanda, and GrabFood allow consumers to order almost anything with a few taps on their smartphones. Various mobile payment options, such as KBZPay, AYAPay, Wave Pay, Visa, and Mastercard, make shopping across platforms smooth, local consumers said.
Soe Aung said he also orders food online, often for his wife. “Many large restaurants are now on foodpanda and Grab. We can get the foods we want and save travel time and costs,” he said.
With internet access, Soe Aung said he has even joined online courses offered by lecturers across the globe on sites like Udemy. “These courses save me time and money. I prefer online courses for certain subjects and hybrid formats for some others,” he said.
According to Myanmar’s Ministry of Commerce, the shift to online shopping and online businesses, fueled by a surge in internet users, has been growing increasingly in the post-COVID-19 period. Online shopping reduces costs and provides greater convenience for consumers, it said.
Ma Cherry, a 29-year-old professional in Maubin, shared how online shopping has become indispensable for special occasions. “This month, I wanted to buy my grandmother a gift, but I didn’t have time to shop in person,” she said. “Shopping online lets me send thoughtful gifts even when I’m busy. The selection is impressive.”
Cherry is not only a consumer but also a retailer since online businesses started emerging. “In the past two years, I even sold some hoodies online to university students for the winter seasons. I only sold them for one to two months a year,” she said.
To develop the e-commerce sector in Myanmar, the government and related organizations are also working to help MSMEs (micro, small, and medium enterprises) transition to online business and foster competition in the industry, an official from the commerce ministry told Xinhua on Tuesday.
For the growth of e-commerce businesses in Myanmar, the Ministry of Commerce launched an e-commerce registration system on Oct. 2, 2023, issuing certificates for online sellers, he said.
The official added that the ministry has also established laws and policies to regulate online businesses and protect consumers from fraud and data privacy breaches.
From October last year to October this year, Myanmar’s Ministry of Commerce already issued approximately 8,891 online registration certificates for online sellers, the official added. ■
Photo 1 – People wearing face masks walk in downtown Yangon, Myanmar, July 7, 2020. (Xinhua/U Aung)
Photo 2 – A closed shopping mall at a condominium complex is seen in Yangon, Myanmar, Sept. 26, 2020. (Xinhua/U Aung)