International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— တော့တင်ဟမ်ကွင်းလယ်လူ ဘန်တန်ကာ လူမျိုးရေးအရ ဝေဖန်ပြောဆိုမှုအတွက် ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရ
တော့တင်ဟမ် ကွင်းလယ်ကစားသမား ရော့ဒရီဂို ဘန်တန်ကာသည် ၎င်း၏ကလပ်အသင်းဖော်ဖြစ်သူ တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်အား လူမျိုးရေးအရ ဝေဖန်ပုတ်ခတ် ပြောဆိုမှုအတွက် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) ၏ ပွဲကစားခွင့် ၇ ပွဲ ပိတ်ပင်ခြင်းနှင့် ပေါင်တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၂၆,၀၀၀) ဒဏ်ငွေချမှတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
ယင်းပွဲပယ်ပြစ်ဒဏ်ကြောင့် အဆိုပါ အသက် ၂၇ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင် ကစားသမားသည် ဒီဇင်ဘာ ၂၆ ရက်အထိ ပွဲကစားခွင့် ရရှိမည်မဟုတ်သောကြောင့် မန်ချက်စတာစီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့နှင့် ယှဉ်ပြိုင်ရမည့် အရေးကြီးပွဲစဉ်များအား လွဲချော်မည်ဖြစ်သည်။
…..
— အီကွေဒေါနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ ကိုလံဘီယာကွင်းလယ်လူ ရော့ဒရီဂက်ဇ် ပွဲထွက်ပါဝင်လာဖွယ်ရှိ
ကိုလံဘီယာအသင်း၏ အရေးပါသော ကွင်းလယ်ကစားသမားဖြစ်သူ ဂျိမ်းစ်ရော့ဒရီဂက်ဇ်အနေဖြင့် အီကွေဒေါအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ပွဲထွက်လူစာရင်းတွင် ပြန်လည်ပါဝင်လာဖွယ်ရှိကြောင်း အသင်းမန်နေဂျာ နက်စတာ လော်ရန်ဇိုက နိုဝင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။ နိုဝင်ဘာ ၁၅ ရက်က ဥရုဂွေးအသင်းအား ၂-၃ ဂိုးဖြင့် အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ရော့ဒရီဂက်ဇ်မှာ ကြွက်သားဒဏ်ရာကြောင့် ပွဲချိန်မိနစ် ၃၀ သာ ပါဝင်ကစားနိုင်ခဲ့သည်။
— ရာဖေးနာဒယ်က တင်းနစ်ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲမတိုင်မီ နိုင်ငံအသင်းအတွက် အာရုံစိုက်လျက်ရှိ
စပိန်တင်းနစ် အကျော်အမော် ရာဖေးနာဒယ်သည် Davis Cup ပြိုင်ပွဲတွင် စပိန်အသင်းအား အောင်ပွဲဆီသို့ ဦးဆောင်လမ်းပြနိုင်ရန် ကြိုးပမ်းလျက် ၎င်း၏ လျှမ်းလျှမ်းတောက်အောင်မြင်သော ကစားသမားဘဝကို အဆုံးသတ်ရန် ပြင်ဆင်နေကြောင်း နိုဝင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂရင်းစလင်းချန်ပီယံဆု ၂၂ ကြိမ် ဆွတ်ခူးထားသည့် အသက် ၃၈ နှစ်အရွယ် နာဒယ်သည် ဒဏ်ရာပြဿနာများ၏ ဖိစီးနှိပ်စက်မှုဒဏ်ကို ပိုမိုခံစားလာရသဖြင့် အဆိုပါပြိုင်ပွဲအပြီးတွင် တင်းနစ်လောကမှ အနားယူတော့မည်ဖြစ်သည်။
“ကျွန်တော် ဒီကိုလာတာ အနားယူဖို့မဟုတ်ဘဲ အသင်းအောင်ပွဲရအောင် ကူညီဖို့ လာခဲ့တာပါ။ ဒါက အသင်းလိုက်ပြိုင်ပွဲဖြစ်တာမို့ အရေးအကြီးဆုံးက ကျွန်တော်တို့အားလုံး အလုပ်အပေါ်မှာ အမြဲအာရုံစိုက်ထားဖို့ပါပဲ။ ဒါက တင်းနစ်ကစားပွဲဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်ရပါမယ်” ဟု နာဒယ်က ဆိုသည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရှုံးပွဲမရှိသေးသည့် ဂျပန်အသင်းအား စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်သွားမည်ဟု တရုတ်အသင်းနည်းပြ ကတိပြု
တရုတ်ကစားသမားများအနေဖြင့် အုပ်စုထိပ်ဆုံးတွင် ရပ်တည်နေသည့် ဂျပန်အသင်းအား အိမ်ကွင်း၌ စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ယှဉ်ပြိုင်မည့် ဂျပန်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ တရုတ်လက်ရွေးစင်အသင်း နည်းပြချုပ်ဖြစ်သူ ဘရန်ကို အိုင်ဗန်ကိုဗစ်က ကတိပြုပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဂျပန်မှာ ကြီးမားတဲ့ အရှုံးရလဒ်နဲ့ အဖွင့်ပွဲကို စတင်ခဲ့ရပေမဲ့ ကျွန်တော့်ကစားသမားတွေက စိန်ခေါ်မှုတွေကို ကျော်လွှားပြီး တစ်ပွဲပြီးတစ်ပွဲ စွမ်းဆောင်ရည် ပိုတိုးတက်လာတာကို မြင်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ဩစတြေးလျ၊ ဆော်ဒီအာရေဗျတို့နှင့် အမှတ်တူပြီး ၆ မှတ် ရထားတာမို့ စွမ်းဆောင်ရည်အတွက် ကျေနပ်မိပါတယ်” ဟု အိုင်ဗန်ကိုဗစ်က ဆိုသည်။
“ဂျပန်အသင်းက ကမ္ဘာ့အဆင့်ရှိတဲ့ အသင်းတစ်သင်းဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ကျွန်တော့်ကစားသမားတွေ အိမ်ကွင်းမှာ အသင့်ဖြစ်နေပြီး စိုးရိမ်မှုမရှိဘဲ ရင်ဆိုင်တိုက်ပွဲဝင်သွားမယ်လို့ ယုံကြည်ပါတယ်။ ကွင်းထဲမှာ တိုက်ပွဲဝင်နိုင်စွမ်းရှိရင် ဘာမဆိုဖြစ်နိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#Tottenham #WorldCupQualifier #RafaelNadal #ChinaFootballTeam #တော့တင်ဟမ် #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ရာဖေးနာဒယ် #တရုတ်ဘောလုံးအသင်း
————————
(English Version)
Tottenham midfielder Bentancur handed seven-game ban for racial slur
Tottenham midfielder, Rodrigo Bentancur has been banned for seven games and fined 100,000 pounds (126,000 US dollars) by the English Football Association (FA) for using a racial insult against his South Korean teammate Son Heung-min.
The suspension means the 27-year-old Uruguayan international will not play again until December 26th and will miss key games against Manchester City, Liverpool, and Chelsea.
…..
Colombia sweats on Rodriguez ahead of Ecuador clash
Influential midfielder James Rodriguez could return to Colombia’s starting lineup for the team’s World Cup qualifier against Ecuador, manager Nestor Lorenzo said on Monday.
James was limited to a 30-minute cameo in Colombia’s 3-2 away defeat to Uruguay on Friday due to an unspecified muscle injury.
Nadal focuses on national team ahead of last tournament in his glittering career
Spanish tennis star, Rafael Nadal held a packed press conference on Monday as he prepared to end his glittering career by trying to lead Spain to success in the Davis Cup.
The 38-year-old, 22-time Grand Slam winner, will retire from tennis after the tournament with an increasingly difficult battle against injures.
“I’m not here for retiring. I’m here to help the team win (…) It’s a team competition and the most important thing is to all stay focused on what we have to do – that is play tennis and do it very well.”
…..
China coach Ivankovic vows to “fight with no fear” against unbeaten Japan in WC qualifier
Ahead of Tuesday’s FIFA World Cup qualifier, Chinese team head coach Branko Ivankovic has vowed his players will fight with no fear against the group leader Japan at home.
“We started the opening round with a big loss in Japan, and I was glad to see my players overcome the challenges and improved their performances match by match. Now we are level with Australia, Saudi Arabia with six points, and I am satisfied with it considering efficiency,” Ivankovic said.
“There is no need to mention that Japan is a world-class team. I believe our players will be ready at home, and they will fight with no fear,” he noted. “If we can fight on the pitch, anything could be possible.”