Myanmar
မြန်မာနိုင်ငံတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်နှင့်အတူ မသန်စွမ်းအားကစားပွဲများ ကျင်းပလျက်ရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ယခုနှစ်အတွက် မသန်စွမ်းအားကစားပွဲကို နေပြည်တော်တွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်နှင့်လည်း တိုက်ဆိုင်သဖြင့် ထိုအားကစားပွဲတော်အတွင်း မသန်စွမ်းအားကစားပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း အားကစားဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောခဲ့သည်။
နှစ်စဉ်မသန်စွမ်းအားကစားပွဲကို မြန်မာနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအောက်ရှိ မသန်စွမ်းအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် မသန်စွမ်းအားကစားပွဲများ အပါအဝင် အားကစားပွဲများ စီစဉ်ကျင်းပခြင်းဖြင့် ဒီဇင်ဘာ ၃ ရက်၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဖွဲ့ချုပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မသန်စွမ်းအားကစားအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမင်းနိုင်ဦးက ပြောခဲ့သည်။
“အမျိုးသားအားကစားပွဲတော်အတွင်းမှာ ကျွန်တော်တို့ မသန်စွမ်းအဖွဲ့အနေနဲ့ ရေကူး၊ မသန်စွမ်းဘော်လီဘော၊ စစ်တုရင်နဲ့ ပြေးခုန်ပစ် စတဲ့ အားကစားနည်းလေးမျိုးကို ပြည်နယ်နဲ့ တိုင်း ခြောက်ခုက အားကစားသမား ၁၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပိုလီယိုရောဂါနှင့်နေထိုင်ရသူ အသက် ၄၂ နှစ်အရွယ် မထက်ထက်အေးသည် ပြေးခုန်ပစ်အားကစားနည်းကို ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားသမားတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတွင် မသန်စွမ်းအားကစားသမားများကို အသိအမှတ်ပြုသည့်အတွက် ကျေးဇူးတင်ကြောင်း၊ မသန်စွမ်းအားကစားသမားများကို ဆုတံဆိပ်များ၊ ဆုတော်ငွေများ ချီးမြှင့်ခြင်းအားဖြင့် အားကစားကဏ္ဍအား မြှင့်တင်ရာတွင် အရေးပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်မတို့ ကြိုးစားလုပ်ဆောင်ပြီး ဆုတံဆိပ်တွရရှိတဲ့အတွက် စိတ်ဓာတ်တွေပိုပြီး ကြံ့ခိုင်လာတယ်၊ ကျွန်မတို့ ကြိုးပမ်းအားထုတ်မှုတွေက ဆုတံဆိပ်တွေ ရရှိပြီး အောင်မြင်မှုတကယ်ရရှိနိုင်တဲ့အတွက် စိတ်ဓာတ်ခွန်အားတွေ အများကြီးရပါတယ်” ဟု မထက်ထက်အေးက ပြောခဲ့သည်။
“အားကစားတွေလုပ်တာကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းတယ်။ စိတ်ဓာတ်ပိုင်းအနေနဲ့လည်း မသန်စွမ်းအားကစားသမားဖြစ်တဲ့အတွက် ကိုယ့်ဘာသာကိုယ်အိမ်ထဲမှာ မနေဖြစ်တော့ဘဲ ပိုပြီးကြံ့ခိုင်လာတယ်။ ဝမ်းနည်းစိတ်မကောင်းတာတွေလည်း ဖြစ်စရာမလိုဘူးဆိုတာ သဘောပေါက်လာတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နောက်ထပ် မသန်စွမ်းအားကစားသမားတစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် နော်လော်လာဝင်းကလည်း ဘဝတူမသန်စွမ်းအားကစားသမားများကို စိတ်ဓာတ်ခွန်အားပေးခဲ့သည်။ “ကျွန်မတို့ မသန်စွမ်းသူတွေဖြစ်ပေမဲ့လည်း ကျွန်မတို့နိုင်ငံကို ထောက်ပံ့ပေးနိုင်သေးတယ်လို့ တကယ်ယုံကြည်ပါတယ်” ဟု နော်လော်လာဝင်းက ပြောခဲ့သည်။
“ကျွန်မတို့ဆောင်ပုဒ်မှာ မသန်လည်းလူ သန်လည်းလူ စွမ်းဆောင်မှုသာအဓိက ဆိုတဲ့အတိုင်းပဲ မသန်စွမ်းသူတွေလည်း အိမ်တွင်းပုန်းမနေကြပါနဲ့။ အပြင်ထွက်လာကြည့်လိုက်ပါ ကိုယ်တွေ ဘယ်လိုစွမ်းဆောင်နိုင်လဲဆိုတာ ကျွန်မတို့ သိလာပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
အသက် ၃၂ နှစ်အရွယ် မသန်စွမ်းရေကူးအားကစားသမားဖြစ်သူ ကိုအောင်မြင့်မြတ်က အာရှနှင့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ “လွန်ခဲ့တဲ့ ၇ နှစ်အတွင်း ကျွန်တော် နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ် ၃၄ ခု ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
“ကျွန်တော့်နိုင်ငံမှာ အစိုးရကလည်း အောင်မြင်မှုအလိုက် ဆုချီးမြှင့်ပေးပါတယ်။ ဒီလိုမျိုးတွေ ချီးမြှင့်ပေးတော့ ကျွန်တော့်မိသားစုကိုလည်း ပြန်ပြီးကူညီပံ့ပိုးပေးနိုင်တယ်။ ကျွန်တော့်ခြေထောက်က စိန်ခေါ်မှုတွေရှိနေပေမဲ့လည်း ကျွန်တော့်လက်တွေက သန်မာနေပါသေးတယ်။ ဒါကြောင့် ကျွန်တော် အကောင်းဆုံးလုပ်ဆောင်နိုင်တာကို အဓိကထားပြီး လုပ်ဆောင်နေပါတယ်” ဟု ကိုအောင်မြင့်မြတ်က ပြောကြားခဲ့သည်။
“ကျွန်တော့်ကိုယ်ကိုတော့ မသန်စွမ်းဆိုပြီး ဘယ်တော့မှာမတွေးထားဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတဲ့အပေါ်မှာပဲ ဦးတည်ထားပြီးတော့ ကျွန်တော်တို့ခွန်အားတွေကို အသုံးချပြီး ဘဝကိုထိန်းကျောင်းသွားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
“ကျွန်တော်တို့မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေရှိနေပေမဲ့လည်း မိသားစုကို ထောက်ပံ့ပေးနိုင်သေးတယ်။ ပြီးတော့ ကြီးမားတဲ့အရာတွေကို စွမ်းဆောင်နိုင်ပါသေးတယ်။ ဆုံးဖြတ်ချက်၊ ကြိုးပမ်းအားထုတ်မှုနဲ့ ဇွဲလုံ့လတွေ ရှိမယ်ဆိုရင် အရာအားလုံးဖြစ်နိုင်ပါတယ်” ဟု ကိုအောင်မြင့်မြတ်က ဘဝတူမသန်စွမ်းသူများကို စိတ်ဓာတ်ခွန်အားပေးခဲ့သည်။ (Xinhua)
…………………………….
(English Version)
Myanmar marks International Day of Persons with Disabilities through sports events
YANGON, Dec. 3 (Xinhua) — Myanmar marks the International Day of Persons with Disabilities, which falls on Tuesday, by organizing sports events including the Para Games, a sports official told Xinhua.
The annual Para Games is sponsored by the Myanmar Paralympic Sports Federation, under the Ministry of Sports and Youth Affairs, and this year coincides with the 5th National Sports Festival, set to take place in Nay Pyi Taw.
The federation will participate in this festival to mark the International Day of Persons with Disabilities, Min Naing Oo, joint secretary of the federation, said Tuesday.
“During this festival, we will compete in four events: swimming, sitting volleyball, chess and athletics. A total of 142 athletes from six regions and states will participate,” he added.
A victim of polio, 42-year-old Htet Htet Aye, is now a para-athlete specializing in athletics. She expressed her gratitude for the recognition of disabled athletes in Myanmar, emphasizing that recognizing and awarding disabled athletes are crucial for promoting inclusion in the sports sector.
“Receiving awards honors our hard work and gives us a sense of accomplishment, demonstrating that we truly reap the rewards of our efforts,” she said.
“Through sports, both my mental and physical strength have improved. As a disabled athlete, I have come to realize there is no need to feel sorry for myself,” she added.
Another athlete, 23-year-old Naw Laular Win, encouraged others with disabilities. “I truly believe, we can still contribute to our country through sports despite our disabilities.”
“A human is human, whether disabled or not. Don’t stay at home, step outside, and we will see how many things we are capable of achieving,” she said.
Aung Myint Myat, 32, a para swimmer, spoke of the experiences of participating in Asian and ASEAN events. “Over the past seven years, I have earned 34 medals in international competitions,” he said.
“In my country, the government provides assistance based on achievements, and this support allows me to provide for my family. Although I have challenges with my legs, my hands are strong. So, I am focused to the best of my ability,” he said.
“I never think of myself as disabled. We must focus on what we can do and use our strength to navigate life,” he added.
“We are proving that although we may have physical challenges, we can still support our families and achieve great things. With determination, effort, and perseverance, everything is possible,” he shared a message of motivation for others with disabilities.
Photo: Wheelchair basketball players of Myanmar join a training session for upcoming 10th ASEAN Para Games in the Philippines at the Sport Training Center For Disabled Persons in Yangon, Myanmar, July 10, 2019. (Xinhua/U Aung)