International Organizations
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ယခုတစ်ပတ် လာလီဂါပွဲစဥ်တွင် ဘာစီလိုနာနှင့် ရီးရဲလ်အသင်းတို့ အဝေးကွင်းပွဲစဥ်များ ယှဥ်ပြိုင်ရမည်
စပိန်လာလီဂါ အမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာနှင့် ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ် အသင်းတို့မှာ ယခုသီတင်းပတ်ကုန်၌ ခက်ခဲသော အဝေးကွင်းပွဲစဥ်များကို ယှဥ်ပြိုင်ရမည်ဖြစ်ကာ ကြားပွဲစဥ်များကို ယှဥ်ပြိုင်ခဲ့ရခြင်းကြောင့်လည်း နှစ်သင်းစလုံးအနေဖြင့် ပွဲပန်းမှုဒဏ်ကို ခံရဖွယ်ရှိသည်။
အသင်း၏ လူငယ်ကစားသမား လာမင်း ယမားလ် ပွဲထွက်လူစာရင်း၌ ပြန်လည်ပါဝင်လာြခင်းနှင့်အတူ ဘာစီလိုနာအသင်းမှာ မာယော့ကာအား အဝေးကွင်း၌ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ ယခုတစ်ပတ်၌ ရီးရဲလ်ဘက်တစ်အသင်းနှင့် ယှဥ်ပြိုင်ရမည့် အဝေးကွင်းပွဲစဥ်တွင်လည်း လူငယ်ကြယ်ပွင့် ယမားလ် ထပ်မံပွဲထွက်လာမည်ဖြစ်သည်။
ကာလို အန်ဆလော့တီ၏ ရီးရဲလ်မက်ဒရစ်အသင်းကလည်း အဝေးကွင်း၌ ဂျီရိုနာအသင်းအား သွားရောက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။ ဂျီရိုနာအသင်းမှာ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် စတုတ္ထတန်းမှ Logrones အသင်းအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ပြည်တွင်းလိဂ်ပြိုင်ပွဲတွင်မူ ပုံစံကောင်းပြသနေကာ နောက်ဆုံးယှဥ်ပြိုင်ခဲ့သည့် လေးပွဲတွင် သုံးပွဲအနိုင်ရရှိပြီး တစ်ပွဲသရေကျထားသည်။
…..
— ၂၀၂၅ ခုနှစ် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပီအက်စ်ဂျီနှင့် အက်သလက်တီကိုတို့ တစ်အုပ်စုတည်း၌ ကျရောက်
၂၀၂၅ ခုနှစ် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ မိုင်ယာမီမြို့၌ ဒီဇင်ဘာ ၅ ရက်က ကျင်းပခဲ့ရာ ပီအက်စ်ဂျီအသင်းနှင့် အက်သလက်တီကိုမက်ဒရစ်အသင်းတို့ အုပ်စုအဆင့်၌ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။
ပဏာမ အဆင့်အနေဖြင့် ပြိုင်ပွဲဝင် ၃၂ သင်းအား အုပ်စု-A မှ H အထိ အုပ်စု ၈ ခုခွဲ၍ ယှဥ်ပြိုင်သွားမည်ဖြစ်ကာ ပြင်သစ်ကလပ် ပီအက်စ်ဂျီနှင့် စပိန်ကလပ် အက်သလက်တီကိုတို့က ဘရာဇီးကလပ် ဘိုတာဖိုဂို၊ အမေရိကန်ကလပ် ဆီယက်တဲ ဆောင်းဒါးစ်အသင်းတို့နှင့်အတူ အုပ်စု-B ၌ ကျရောက်လျက်ရှိသည်။
…..
— ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲက ကမ္ဘာတစ်ဝန်းမှ ပရိသတ်ဦးရေ သန်းငါးထောင်ခန့်အား ဆွဲဆောင်နိုင်ခဲ့
၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲက ကမ္ဘာတစ်ဝန်းမှ ဖြစ်နိုင်ဖွယ်ရှိသော ပရိသတ်ဦးရေ၏ ၈၄ ရာခိုင်နှုန်း (ပရိသတ် သန်းငါးထောင်ခန့်) အား စံချိန်တင် ဆွဲဆောင်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်သည့် Paris 2024 Insights and Audience အစီရင်ခံစာအရ သိရသည်။ (Xinhua)
……………………….
(English Version)
No rest for Barca and Madrid with away games coming in La Liga
Leaders Barcelona and second-placed Real Madrid both have difficult away games this weekend in La Liga, and tiredness could be a factor for both sides after draining matches in midweek.
Barcelona returned to winning ways with a convincing win away to Mallorca, and it has not escaped anyone’s attention that the win came with Lamine Yamal back in the starting 11. The youngster will start again as Barca travels to face Real Betis.
Carlo Ancelotti’s side has another long trip to face Girona, who lost in the Cup on Wednesday on penalties to fourth-tier Logrones, who played the closing minutes and the shootout with a player less and an outfield player in goal. Despite its Cup exit, Girona’s form has picked up considerably in the league, with three wins and a draw in the last four games.
…..
PSG, Atletico Madrid to meet in group stage at 2025 FIFA Club World Cup
Paris Saint-Germain and Atletico Madrid will meet in the group stage of the inaugural 2025 FIFA Club World Cup in the United States as the draw ceremony of the tournament was held in Miami, the United States, on Thursday.
France’s PSG and Spain’s Atletico have been placed in Group B alongside Brazil’s Botafogo and the Seattle Sounders from the United States, as 32 teams were divided into eight groups, labeled from A to H, for the preliminary round.
…..
Most followed Paris 2024 hailed as “Olympic Games of a new era” by IOC president Bach
The Paris 2024 Olympic Games attracted a record 84 percent of the potential global audience – approximately five billion people – according to the Paris 2024 Insights and Audience Report released on Thursday.