Connect with us

Education & Health

အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ ပိုလီယိုရောဂါကာကွယ်ဆေး ၂ ဒသမ ၇၂ သန်း doses လှူဒါန်း

အင်ဒိုနီးရှားသမ္မတနိုင်ငံက လှူဒါန်းသည့် ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၂ သန်း doses ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၀ ရက်တွင် ရောက်ရှိလာစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ပိုလီယိုရောဂါကာကွယ်ဆေး ၂ ဒသမ ၇၂ သန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီဇင်ဘာ ၂၀ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင် ကြေးမုံသတင်းစာက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။
ပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးတို့မှ ကိုယ်စားလှယ်များက လွှဲပြောင်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်၌ လက်ခံရယူခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပြတ် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။ (Xinhua)
……………………………
(English Version)
Indonesia donates 2.72 mln doses of polio vaccines to Myanmar: Myanmar’s media
YANGON, Dec. 21 (Xinhua) — A total of 2.72 million doses of polio vaccines (bOPV), donated by Indonesia to Myanmar, arrived at Yangon International Airport on Friday, the state-run daily The Mirror reported on Saturday.
Officials from Myanmar’s Ministry of Health and Ministry of Foreign Affairs received the vaccines, which were handed over by representatives from Indonesia’s Ministry of Foreign Affairs and the Embassy of the Republic of Indonesia in Myanmar at the airport, the report said.
The donated vaccines have been transported to the central cold storage facility in Yangon, the report added. Enditem