Connect with us

Africa & Middle East

အီရတ်က ဂါဇာကမ်းမြောင်သို့ စက်သုံးဆီ လီတာ ၁ဝ သန်း ပေးပို့မည်

ရာဗာနယ်စပ်ဖြတ်ကျော်နေရာ အီဂျစ်နိုင်ငံဘက်ခြမ်းမှ ဂါဇာအတွင်းဝင်ရန် လောင်စာဆီဆီတင်ကားများ တန်းစီနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်သို့ စက်သုံးဆီ လီတာ ၁၀ သန်း ပေးပို့သွားမည့် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို ဧပြီ ၇ ရက်တွင် အီရတ်နိုင်ငံက ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် အီရတ်နိုင်ငံရှိ ဆေးရုံများတွင် ဂါဇာမှ ထိခိုက် ဒဏ်ရာရသူများကို ဆေးဝါးကုသ မှုပေးရန်အတွက်လည်း ကမ်းလှမ်း ထားသည်။
အီရတ်ဝန်ကြီးချုပ် မီဒီယာရုံးက ထုတ်ပြန်သော ကြေညာချက်အရ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဆက်လက် ပစ်ခတ် တိုက်ခိုက်လျက်ရှိစဉ် အီရတ်အစိုးရက ပါလက်စတိုင်း များကိုကူညီရန် ပြုလုပ်သော ဝန်ကြီးများ ကောင်စီအစည်း အဝေးအတွင်း အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

အီရတ်နိုင်ငံသည် ယခင် ကလည်း အီဂျစ်အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ဂါဇာ ကမ်းမြောင်သို့ စက်သုံးဆီနှင့် ဆေးဘက်ဆိုင်ရာ အကူအညီများ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အစ္စရေး၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်း သေဆုံးသူ ၃၃၀၀၀ ကျော်လွန်လာပြီး ၎င်းတို့၏ ပိတ်ဆို့ဟန့်တားမှုများကြောင့် လည်း ဂါဇာတွင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေဆိုးရွားမှုကို ဖြစ်ပေါ် စေသည်။ (Xinhua)

………………………..
(English Version)
Iraq to send 10 mln liters of fuel to Gaza
BAGHDAD, April 7 (Xinhua) — Iraq announced on Sunday its decision to send 10 million liters of fuel to the Gaza Strip and offer medical treatment to wounded people from the enclave in Iraqi hospitals.
The decision was made during a meeting of the Council of Ministers as the government seeks to help Palestinians amid the ongoing Israeli attacks on Gaza, according to a statement released by the Iraqi Prime Minister Media Office.
Iraq had previously delivered fuel and medical assistance to Gaza in coordination with Egyptian authorities.
Israel’s attacks have killed over 33,000 people in Gaza and its blockade has caused a catastrophic humanitarian situation in the enclave. ■
Fuel trucks line up to enter Gaza from the Egyptian side of the Rafah crossing, on Nov. 24, 2023. (Photo by Mohamed Asad/Xinhua)