Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ အစ္စရေးလေကြောင်းတိုက်ခတ်မှုကြောင့် လူငါးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

အစ္စရေးဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်ဘနွန်နိုင်ငံ အရှေ့တောင်ပိုင်း Mays al-Jabal ကျေးရွာပေါ်၌ မီးခိုးများထွက်ပေါ်နေသည်ကို ၂၀၂၄ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ မေ ၁၈ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံတောင်ပိုင်း လက်ဘနွန်-အစ္စရေး နယ်စပ်မှ ၇၀ ကီလိုမီတာခန့်အကွာရှိ ဇိဒုန်မြို့သို့ အစ္စရေးက မေ ၁၇ ရက်တွင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သဖြင့် ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးနှင့် ဆီးရီးယားနိုင်ငံသား လေးဦးသေဆုံးပြီး လက်ဘနွန်နိုင်ငံသား သုံးဦးဒဏ်ရာရရှိကြောင်း လက်ဘနွန်တပ်ဖွဲ့၏ သတင်းရင်းမြစ်များအရသိရသည်။
အစ္စရေးက အဒေါ့စီရာမြို့နှင့် ဇိဒုန်မြို့ မာဝန်နီရာ့နှင့် အယ်နာဂျာရက်ကျေးရွာတို့ရှိ နေအိမ်များ၊ စက်ရုံ၊ ကားတစ်စီးနှင့် သစ်သီးခြံတို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ပြောကြားသည်။
သေဆုံးသွားသည့် ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးမှာ ဟူစိန်ခေါ့ဒါမာဒီဟုခေါ်သည့် အုပ်စု၏ဒေသတွင်း ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သတင်းရင်းမြစ်များအရသိရသည်။ သေဆုံးသူ ဆီးရီးယားနိုင်ငံသား လေးဦးအနက် နှစ်ဦးမှာ ကလေးငယ်များဖြစ်ကြောင်း လက်ဘနွန်ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ထုတ်ပြန်ထားသည်။
လက်ဘနွန်လက်နက်ကိုင်တပ်ဖွဲ့ ဟစ်ဇ်ဘိုလာသည် ဟားမက်စ်တို့နှင့် ချစ်ကြည်ရင်းနှီးမှုကို ပြသသည့်အနေဖြင့် အစ္စရေးဘက်သို့ ဒုံးကျည်များလွှတ်တင်မှု လုပ်ဆောင်ပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်မှစကာ လက်ဘနွန်-အစ္စရေးနယ်စပ်တစ်လျှောက် တင်းမာမှုများ မြင့်တက်လာကြောင်းသိရသည်။ (Xinhua)
………………………………………
(English Version)
5 killed, 3 injured in Israeli airstrikes in S. Lebanon
BEIRUT, May 17 (Xinhua) — A Hezbollah official and four Syrian nationals were killed, and three Lebanese civilians were injured on Friday in Israeli airstrikes in the southern Lebanese city of Sidon, about 70 km from the Lebanon-Israel border, according to Lebanese military sources.
The sources, who spoke anonymously, said the casualties were caused by Israeli air raids on homes, a stone factory, a car, and orchards in the town of Adousiya and the villages of Marwanieh and Al-Najariah in Sidon.
According to the sources, the killed Hezbollah official was a local leader of the group called Hussein Khodor Mahdi.
A Lebanese medical source reported that two of the four Syrian fatalities were children.
Tensions along the Lebanon-Israel border escalated on Oct. 8, 2023, following a barrage of rockets launched by the Lebanese armed group Hezbollah toward Israel in solidarity with Hamas’ attack on Israel the day before. Israel then retaliated by firing heavy artillery toward southeastern Lebanon. ■
This photo taken from Kibbutz Malkia in northern Israel bordering Lebanon shows smoke billowing above the southeast Lebanese village of Mays al-Jabal during an Israeli bombardment on May 5, 2024. (Ayal Margolin/JINI via Xinhua)