Connect with us

Economy

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းက မြန်မာနိုင်ငံ အရှေ့ပိုင်း တောင်ပေါ်ကျေးလက်ဒေသ သောက်သုံးရေရရှိရေးအတွက် ပံ့ပိုးကူညီပေး

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ကျေးရွာသုံးရွာရှိ ဒေသခံများအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေဖြင့် ရေရရှိရေးလုပ်ငန်းစီမံကိန်းပြီးစီးပါက သန့်ရှင်းသောသောက်သုံးရေများ ရရှိနိုင်တော့မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေ ၂၀ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် သတ်မှတ်ထားသောကျေးရွာများအတွက်သာမက အခြားဒေသများသို့လည်း တိုးချဲ့နိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း အဆိုပါဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ဆင်ဟွာသို့ ပြောခဲ့သည်။

ထိုစီမံကိန်းသည် ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ရပ်စောက်မြို့နယ်နှင့် လွိုင်လင်မြို့ရှိ ကျေးရွာသုံးရွာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းစီမံကိန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ်လ၌ ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း၊ ရေရှားပါးသောဒေသများတွင် သန့်ရှင်းသော သောက်သုံးရေများ ပိုမိုရရှိနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

LMC အထူးရန်ပုံငွေ၏ နှစ်စဉ်ထောက်ပံ့ပေးမှုဖြင့် အဆိုပါ စီမံကိန်းအား ၂၀၂၂ ခုနှစ်က မြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင်မူ တောင်ပေါ်ကျေးလက်ဒေသများဖြစ်သည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ရေအခက်အခဲရှိသော ကျေးရွာများကို ရွေးချယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစိုးသန်းက ဖြည့်စွက်ပြောခဲ့သည်။
‌ထို့ပြင် မြို့တော် နေပြည်တော်ရှိ ကျေးရွာသုံးရွာတွင်လည်း အလားတူစီမံကိန်းများ အကောင်အထည်ဖော်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်အတွက် သောက်သုံးရေရရှိရေးစီမံကိန်း အဆိုပြုတင်ပြထားကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

……………………………………..
(English Version)
LMC-funded project to provide clean water to villages in eastern Myanmar
YANGON, May 20 (Xinhua) — Local people in three villages of eastern Myanmar’s Shan State will have access to clean and sufficient water once a Lancang-Mekong Cooperation (LMC)-funded water access project is completed in the area, an official from the Ministry of Cooperatives and Rural Development said on Monday.
The project will not only benefit the targeted villages but also has the potential to be expanded to other areas, Soe Than, a deputy director general of the department told Xinhua.
The project is being carried out in three villages in Nyaungshwe Township, Yatsauk Township, and Loilem Town in Shan State with the support of the Lancang-Mekong Cooperation (LMC) special fund 2023.
Started in August 2023, the project is expected to be finished by March 2025, the deputy director general said, adding that the project aims to supply purified drinking water to areas experiencing water scarcity.
The LMC special fund provides annual support, with the 2022 project focusing on the Delta region. In 2023, the project shifted to the hilly regions, targeting Shan State and selecting villages facing significant water challenges, Soe Than said.
Proposals for drinking water access projects for 2024 have been submitted, aiming to implement similar initiatives in three villages in Nay Pyi Taw, the capital city of Myanmar, he added.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.