Africa & Middle East
ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ဟု ဟူသီအဖွဲ့ပြော
ဆန်နား၊ မေ ၂၅ ရက် (ဆင်ဟွာ)
ပင်လယ်နီ၊ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင် ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်း အတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုများတွင် ဟူသီသူပုန်များက အာရေဗျပင်လယ်ကို ကူးဖြတ်နေသည့် အစ္စရေးအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်များဖြင့် ဦးစွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ထို့ပြင် ဒုတိယမြောက်စစ်ဆင်ရေးအဖြစ် ဂရိနိုင်ငံပိုင် YANNIS ဟုအမည်ပေးထားသည့် သင်္ဘောတစ်စင်းအား ပင်လယ်နီအတွင်း၌ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ဟူသီရေတပ်ဖွဲ့နှင့် ဒရုန်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုတွင် ပစ်မှတ်အား တိကျစွာပစ်ခတ်နိုင်ခဲ့ကြောင်း ဟူသီအဖွဲ့က ထုတ်ပြန်ထားသည်။
တတိယမြောက်စစ်ဆင်ရေးအတွင်း၌ မြေထဲပင်လယ်အတွင်း မောင်းနှင်နေသည့် အစ္စရေးအလံလွှင့်ထူထားသော ESSEX သင်္ဘောကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသင်္ဘောသည် ပါလက်စတိုင်းနယ်မြေများကို သိမ်းယူထားသည့် အစ္စရေးတပ်များ၏ ထိန်းချုပ်မှုအောက်ရှိဆိပ်ကမ်းများသို့ ဝင်ရောက်ဆိုက်ကပ်မှု တားမြစ်ခြင်းကို ချိုးဖောက်ခဲ့ကြောင်း ဟူသီအဖွဲ့ကပြောသည်။
ယီမင်အခြေစိုက် ဟူသီသူပုန်အဖွဲ့သည် ပါလက်စတိုင်းအား တိုက်ခိုက်နေသည့် အစ္စရေးအား လက်တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်းရှိ ပင်လယ်များအတွင်း သွားလာနေသည့် အစ္စရေးနှင့် ၎င်း၏မဟာမိတ်နိုင်ငံများ၏ ကုန်တင်သင်္ဘောများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစ၍ တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………………
(English Version)
Yemen’s Houthi group claims attack on “Israeli vessel” in Mediterranean
ADEN, Yemen, May 24 (Xinhua) — The Yemeni Houthi group on Friday claimed to have conducted multiple military strikes targeting commercial vessels in regional maritime zones, including the Red Sea, the Arabian Sea, and the Mediterranean.
According to a statement by the group’s military spokesman Yahya Sarea, the Houthis in its first operation fired ballistic missiles at the “Israeli-flagged container ship” MSC ALEXANDRA while it was transiting the Arabian Sea.
The second operation, described as part of the “fourth phase of escalation,” targeted the Greek-owned vessel YANNIS as it passed through the Red Sea, the statement said, adding that the strike, carried out by its naval forces and unmanned aerial vehicle unit, was “accurate.”
In a third operation, the group fired several missiles at the “Israeli-flagged” vessel ESSEX while it was navigating the Mediterranean Sea, Sarea said, accusing the ship of violating restrictions on entry into ports under Israeli control in the occupied Palestinian territories.
Moreover, the group renewed its warning to all commercial entities engaged in maritime trade with Israel, saying their vessels would be targeted within designated operational areas by Houthi forces, regardless of the ships’ intended destinations.
The Houthis vowed to persist with “full determination and faith” in implementing the “fourth phase of escalation” until the cessation of “aggression” against Palestinians and the lifting of the blockade imposed on the Gaza Strip.
Since last November, the Houthis began to launch anti-ship ballistic missiles and drones targeting what they said were Israeli-linked ships transiting the Red Sea to show solidarity with the Palestinians in Gaza, which has been under relentless Israeli attacks for more than seven months.
In January, the United States and Britain launched a military operation by carrying out airstrikes on Houthi military sites to deter the group. However, the Houthis, in retaliation.
Houthi military spokesman Yahya Sarea makes a statement during a pro-Palestinian protest in Sanaa, Yemen, on May 24, 2024. (Photo by Mohammed Mohammed/Xinhua)