Connect with us

Asia

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ကမ်းရိုးတန်းဒေသများသို့ ဆိုင်ကလုန်းမုန်တိုင်း ရီမယ် (လ်) ဝင်ရောက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Sadarghat ဆိပ်ကမ်းကို ၂၀၂၄ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မေ ၂၇ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း ရီမယ် (လ်) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယကမ်းရိုးတန်းများသို့ မေ ၂၆ ရက် ညပိုင်းက ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီးနောက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက် လေပြင်းနှင့် မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဦးစီးဌာန (BMD) ၊ ဆိုင်ကလုန်းမုန်တိုင်းသတိထားစောင့်ကြည့်ရေးစင်တာမှ လက်ထောက်ညွှန်ကြားရေးမှူး Md Shamim Ahsan က ဆင်ဟွာသို့ ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း ရီမယ် (လ်) ကြောင့် မေ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ်းရိုးတန်းဒေသများမှ လူဦးရေ ၁ သန်းခန့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ Sadarghat ဆိပ်ကမ်းကို ၂၀၂၄ ခုနှစ် မေ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Cyclone Remal smashes Bangladesh, India coastlines
DHAKA, May 26 (Xinhua) — Cyclone Remal smashed Bangladeshi and Indian coasts Sunday night, said a senior official of Bangladesh Meteorological Department (BMD).
Strong winds and storm surged along the coasts of southern Bangladesh and India’s West Bengal after the storm came ashore at 8:00 p.m. local time, Md Shamim Ahsan, deputy director of the Cyclone Warning Center at the BMD, told Xinhua.
Bangladesh on Sunday completed evacuation of about 1 million people from its coastlines.
Photo 1, 2: This photo taken on May 26, 2024 shows the Sadarghat terminal in Dhaka, Bangladesh. (Xinhua)