Connect with us

Africa & Middle East

ရာဖာကို တိုက်ခိုက်ပြီးနောက် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုမလုပ်တော့ဟု ဟားမက်စ်ပြော

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် နေရပ်ရွှေ့ပြောင်းသူများစခန်းပေါ် အစ္စရေးလေကြောင်း တိုက်ခိုက်ခဲ့သောနေရာကို ၂၀၂၄ ခုနှစ် မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၂၈ ရက် (ဆင်ဟွာ)
ဂါဇာဒေသ တောင်ဘက်စွန်းရှိ ရာဖာမြို့ကို အစ္စရေးက မေ ၂၆ ရက် ညပိုင်းတွင် တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေး သို့မဟုတ် အကျဉ်းသားလဲလှယ်ရေး စသော မည်သည့် ဆွေးနွေးညှိနှိုင်းမှုမျိုးကိုမျှ ပါဝင်တော့မည်မဟုတ်ကြောင်း ဟားမက်စ်က ကြားဝင်စေ့စပ်သူများအား အကြောင်းကြားခဲ့သည်။ ရာဖာမြို့အနီး နေရပ်ရွှေ့ပြောင်းသူများ နေထိုင်သောယာယီတဲများကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှင့် အမျိုးသမီးများအပါအဝင် ပါလက်စတိုင်း ၄၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ (Xinhua)


……………………………………..
(English Version)
Hamas says no ceasefire negotiations with Israel after Rafah attack: source
GAZA, May 27 (Xinhua) — Hamas has informed mediators that it will not participate in any negotiation for a ceasefire in the Gaza Strip or a prisoner exchange deal after Israel’s attack on the southernmost Gazan city of Rafah on Sunday night, a source in the movement said on Monday. At least 45 Palestinians, including children and women, were killed in Israeli airstrikes on tents for displaced people near Rafah city, Gaza’s health authorities said in a press statement on Monday.
Photo 1: A person is seen at the site of an Israeli strike on a camp for displaced people in Rafah in the southern Gaza Strip, May 27, 2024. (Photo by Khaled Omar/Xinhua)