Connect with us

Asia

မိုးခေါင်ရေရှားမှု ကာကွယ်ရေးအတွက် အင်ဒိုနီးရှားဆောင်ရွက်မည်

အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားပြည်နယ် Wonogiri ခရိုင်၊ Gebang ကျေးရွာတွင် ခြောက်သွေ့သောရာသီအတွင်း Gajah Mungkur ဆည်၌ ဖြတ်သန်းသွားသူတစ်ဦးကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ မေ ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဒေသအချို့တွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေများဖြစ်ပေါ်နေကာ မိုးခေါင်ရေရှားမှုများဖြစ်ပွားနိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း မိုးလေဝသဌာနက မေ ၂၈ ရက်တွင် ပြောကြားသည်။

ယိုယာဂါတာဒေသ၊ အနောက်ဂျာဗား၊ ရီရူ၊ မြောက်ဆူမားတြားနှင့် အာချေးဒေသများတွင် ခြောက်သွေ့သည့် ရာသီဝင်ရောက်လာနေသည်ဟု မိုးလေဝသဌာန တာဝန်ရှိသူ ဒီဝီကို ယီတာကပြောကြားသည်။ ထို့ပြင် ဂျာဗား၊ ဘာလီနှင့် နိုင်ငံအရှေ့တောင်ပိုင်း ဒေသများတွင် မိုးခေါင်မှုဖြစ်ပွားခဲ့သည်မှာ ရက် ၂၀ ခန့် ရှိပြီဖြစ်ကြောင်းသိရသည်။ နိုင်ငံအတွင်း စက်တင်ဘာလအထိ မိုးခေါင်ရေရှားမှု ဖြစ်ပွားနိုင်သဖြင့် လိုအပ်သည့်အစီအမံများ ဆောင်ရွက်ထားရှိရေးအတွက် ၎င်းက ညွှန်ကြားခဲ့သည်။ မိုးခေါင်ရေရှားမှုဖြစ်ပွားမည့် ဒေသများရှိ ဆည်များအား ရေဖြည့်ထားရေးအတွက် နည်းပညာဖြင့် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောကြားသည်။ (Xinhua)

……………………….
(English Version)
Indonesia braces for droughts, fires
JAKARTA, May 28 (Xinhua) — Indonesia’s Meteorology, Climatology, and Geophysics Agency (BMKG) has warned of potential droughts and peatland fires as the dry season is already starting in some regions of the archipelago.
The head of BMKG, Dwikorita Karnawati, said on Tuesday that 19 percent of Indonesia’s territory has entered the dry season, particularly Aceh, North Sumatra, Riau, West Java, and the Special Region of Yogyakarta.
Meanwhile, some other regions in Java, Bali, and the Southeast Islands will enter the dry season within the next three weeks. These areas have experienced at least 20 days without rainfall, she said.
Karnawati called on related authorities to prepare prevention and mitigation measures as most parts of the country are expected to face droughts until September.
The BMKG also recommended they apply weather modification technology to fill reservoirs in those areas that may experience droughts and start wetting peatlands that are susceptible to fire. ■
A man walks near the dried-up bed in Gajah Mungkur reservoir during dry season in Gebang village of Wonogiri district, Central Java, Indonesia, Sept. 20, 2023. (Photo by Bram Selo/Xinhua)