Connect with us

Asia

ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာရေးအတွက် ပြည်ပခရီးသည်များကို ရက်ရှည်ဗီဇာဖြင့် ဝင်ခွင့်ပေးရန်စီစဉ်

ထိုင်းနိုင်ငံ ပတ္တယားမြို့ရှိ ပြတိုက်သို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မတ် ၂၉ ရက်တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာရေးအတွက် ပြည်ပခရီးသည်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် နေရပ်ကွာဝေးလှသည့် အလုပ်သမားများအတွက် ရက်ရှည်ဗီဇာဖြင့် နေထိုင်ခွင့်ပေးရန် ထိုင်းအစိုးရက စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် အငြိမ်းစားဝန်ထမ်းများအတွက်လည်း ဗီဇာခံစားခွင့်များကိုပေးရန်ထိုင်းအစိုးရက စီစဉ်ထားကြောင်းသိရသည်။

လာမည့် ဇွန်လမှစတင်၍ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံပေါင်း ၉၃ နိုင်ငံတို့မှ ခရီးသည်များကို ရက်ပေါင်း ၆၀ သက်တမ်းရှိ ရက်ရှည်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့လာရောက်ခွင့်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။
လက်ရှိအချိန်တွင် ထိုင်းအစိုးရသည် နိုင်ငံပေါင်း ၅၇ နိုင်ငံတို့မှ ခရီးသည်များကိုသာ ရက်ရှည်ဗီဇာဖြင့် ဝင်ရောက်ခွင့်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းတုံ့နှေးနေချိန်တွင် ခရီသွားလုပ်ငန်း အားကောင်းရေးအတွက် ပြည်ပခရီးသည်များနှင့် ဘွဲ့လွန်ကျောင်းသားများကို ရက်ရှည်ဗီဇာခံစားခွင့်ပေးရန်စီစဉ်ထားခြင်းဖြစ်သည်။
ထိုင်းအစိုးရသည် ထိုင်းနိုင်ငံ၌ ဘွဲ့ယူသင်တန်းများ တက်ရောက်မည့် ကျောင်းသားများအတွက်လည်း ဗီဇာသက်တမ်းကို တစ်နှစ်ထပ်တိုးပေးရန် စီစဉ်ထားကြောင်းသိရသည်။ (Xinhua)

————————————
(English Version)
Thailand approves longer visa stays to boost economy
BANGKOK, May 29 (Xinhua) — Thailand’s cabinet on Tuesday approved a string of visa facilitation measures, including extended stay periods for foreign tourists, remote workers and post-graduate students, in an effort to boost its vital tourism sector amid a sluggish economy.
Beginning in June, the Southeast Asian country will allow visitors from 93 countries and territories, up from 57 currently, to enter without visa requirements for stays of up to 60 days, while the list of those eligible for visa on arrivals will also increase to 31 from 19, said government spokesman Chai Wacharonke.
For digital nomads who seek to stay in Thailand for a long period and work remotely, their visa validity will be extended from 60 days to five years, with each stay up to 180 days, Chai told a news conference.
Foreign university students will be permitted to stay one year after graduation, while insurance requirements for long-stay foreign retirees will be relaxed, he added.
Tourists visit the Sanctuary of Truth Museum in Pattaya, Thailand, March 29, 2024.(Xinhua/Wang Teng)