Connect with us

Politics, Law & Military

မဟာမဲခေါင်ဒေသခွဲနိုင်ငံများက မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေး အရှိန်မြှင့်ဆောင်ရွက်မည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မဟာမဲခေါင်ဒေသခွဲတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့်နိုင်ငံများ ၁၄ ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးတွင် အမှာစကားပြောကြားနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ တာဝန်ရှိသူများသည် ဒေသတွင်း မူးယစ်ဆေးဝါးဈေးကွက်များ ဆက်လက်ကြီးထွားနေမှုကို တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် သဘောတူခဲ့ကြသည်။ လာအို၊ ကမ္ဘောဒီးယား၊ တရုတ်၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသ ကုလသမဂ္ဂ မူယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) စသည်တို့မှ ကိုယ်စားလှယ်များသည် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် ကျင်းပသော မဟာမဲခေါင်ဒေသခွဲတွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့်နိုင်ငံများ အဆင့်မြင့်အရာရှိများကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
—————————
Greater Mekong Sub-region countries ramp up efforts to combat drug trafficking
VIENTIANE, May 30 (Xinhua) — Officials from the Greater Mekong Sub-region countries have agreed to step up efforts to combat drug trafficking as synthetic drug markets in the region continue to grow. Representatives from Laos, Cambodia, China, Myanmar, Thailand, Vietnam and the United Nations Office on Drugs and Crime (UNODC) for Southeast Asia and the Pacific, met in Lao capital Vientiane for the Senior Officials Committee Meeting of the Signatories to the Memorandum of Understanding on Drug Control in the Greater Mekong Sub-region.
Photo: Chinese State Councilor and Minister of Public Security Wang Xiaohong delivers a keynote speech at the 14th Ministerial Meeting of the Signatories to the Memorandum of Understanding on Drug Control in the Greater Mekong Subregion in Beijing, capital of China, Sept. 6, 2023. (Xinhua/Zhai Jianlian)