Asia
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် မိုးကြိုးပစ်မှုကြောင့် လူခြောက်ဦးသေဆုံး
ဒါကာ၊ မေ ၃ ရက် (ဆင်ဟွာ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ဒေသသုံးခုတွင် မိုးကြိုးပစ်မှု များကြောင့် လူခြောက်ဦးသေဆုံးခဲ့သည်။
မိုးကြိုးပစ်မှုကြောင့် ရမ်ကာမာသီဒေသရှိ နေရာအသီးသီး၌ လူသုံးဦးသေဆုံးပြီး ကော့ဘဇားဒေသမှ လူနှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူနောက်တစ်ဦးမှာ ခါဂရာ့ချ်ဟာရီဒေသမှဖြစ်သည်။ မေ ၂ ရက် | မိုးသည်းထန်စွာရွာသွန်းချိန်တွင် မိုးကြိုးပစ်သဖြင့် ယခုလို သေဆုံးခဲ့ကြခြင်းဖြစ်သည်။
မိုးကြိုးပစ်၍ သေဆုံးရခြင်းမှာ အများအားဖြင့် ကျေးလက်ဒေသများ၌ ဖြစ်ပွားလေ့ရှိပြီး လယ်ထဲတွင် အလုပ်လုပ်နေချိန် မိုးကြိုးပစ် ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ယခုလို ခြောက်သွေ့ရာသီမှ မိုးရာသီသို့ စတင်ကူးပြောင်းသည့် ရာသီတွင် လူဦးရေထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးကြိုးပစ်ခြင်းများမှာ ဖြစ်ပွားလေ့ရှိသည်။
ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျော့ပါး သက်သာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူ ၂၁၆၄ ဦးရှိကြောင်း သိရသည်။ (Xinhua)
……………………………….
(English Version)
Lightning strikes kill 6 in Bangladesh
DHAKA, May 2 (Xinhua) — A series of lightning strikes in three districts in southeastern Bangladesh killed six people on Thursday.
Three deaths were reported in different areas of Rangamati district, two in Cox’s Bazar district and one in Khagrachhari district from dawn until noon on Thursday amid heavy rain.
The majority of the lightning fatalities occurred in rural areas where people were working on their farmlands.
Death due to lightning strikes is common in the densely populated South Asian country during this time of a year, as the weather changes from the dry season to the rainy summer season.
According to Bangladesh’s Ministry of Disaster Management and Relief, 2,164 people died in lightning strikes in the country from 2011 to 2020. Considering the upward trend, the Bangladeshi government in 2016 declared it as a national disaster.
Experts claim that the surge in lightning strike deaths is attributable to climate change, which made the country more vulnerable to the impacts. ■
Photo-Vehicles drive on a waterlogged road in Chattogram, Bangladesh, Aug. 6, 2023. (Xinhua)