Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် ၃၅၀,၀၀၀ တင်ပို့နိုင်ရန် ရည်မှန်းထား

ရော်ဘာစေးများအား တွေ့ရစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် ၃၅၀,၀၀၀ တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်နှင့် အိန္ဒိယ စသည့်နိုင်ငံများသို့ အများဆုံးတင်ပို့ရန် ရည်မှန်းထားကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် ရော်ဘာပင်များကို မွန်ပြည်နယ်တွင် အများဆုံးစိုက်ပျိုးကာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့၌လည်း အသီးသီးစိုက်ပျိုးကြောင်း သိရသည်။

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရော်ဘာ တန်ချိန် ၂၀၀,၀၀၀ နီးပါး တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Myanmar aims to export 350,000 tons of rubber in FY 2024-25
YANGON, May 6 (Xinhua) — Myanmar aims to export 350,000 tons of rubber in the current 2024-25 fiscal year starting April, an official from the Myanmar Rubber Planters and Producers Association said on Monday.
The majority of rubber exports from Myanmar are destined for China, Malaysia, Indonesia, Singapore, Vietnam, Japan, and India, he told Xinhua.
Most of Myanmar’s rubber trees grow in Mon State, followed by Tanintharyi Region, Kayin State, Bago Region, Yangon Region, Ayeyarwady Region, Shan State and Kachin State, Sagaing Region and Rakhine State, he added.
In the fiscal year 2023-24, Myanmar exported nearly 200,000 tons of rubber, the association official said.