Connect with us

Local

မြန်မာနိုင်ငံက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း တန်ချိန် ၅၀၀,၀၀၀ ကျော် တင်ပို့နိုင်

ရန်ကုန်မြို့ရှိ စက်ရုံတစ်ရုံတွင် ပဲတီစိမ်းနမူနာများကို ၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်း တန်ချိန် ၅၀၃,၉၇၀ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၆ သန်းကျော် ရရှိခဲ့ကြောင်း စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မေ ၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာနှစ်အတွင်း ပဲတီစိမ်းများကို ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့် တန်ချိန် ၄၄၆,၇၈၁ တင်ပို့ခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံတွင် ပဲတီစိမ်း ဆောင်းသီးနှံကို အောက်တိုဘာလတွင် စတင်စိုက်ပျိုးကာ မိုးသီးနှံကိုမူ ဩဂုတ်လ၌လည်းကောင်း နှစ်ရာသီစိုက်ပျိုးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းအရ သိရသည်။
ပြည်တွင်းမှထွက်ရှိသော ပဲတီစိမ်းများကို တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အခြားနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း အဆိုပါအသင်းကဆိုသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် ပဲအမျိုးမျိုးတန်ချိန် ၁.၇၆ သန်း တင်ပို့ခဲ့ရာမှ ဝင်ငွေ ၁.၄၈ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..

(English Version)
Myanmar exports over 500,000 tons of green grams in 2023-24 fiscal year
YANGON, May 8 (Xinhua) — Myanmar exported 503,970 tons of green grams in the 2023-24 fiscal year, earning more than 336 million U.S. dollars, according to data released by the country’s Ministry of Commerce on Wednesday.
The Southeast Asian country shipped 446,781 tons of the exported green grams via sea route during the fiscal year, which started on April 1 last year and ended on March 31 this year, the ministry’s figures showed.
In Myanmar, green gram is grown in two seasons, the winter season that starts in October and the rainy season that starts in August, according to Myanmar Pulses, Beans, Maize and Sesame Seeds Merchants Association.
Myanmar exported green grams to China, India, Indonesia, Malaysia and other countries, according to the association.
During the fiscal year, Myanmar earned 1.48 billion U.S. dollars from the export of 1.76 million tons of beans and pulses, the commerce ministry’s figures showed.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.