Connect with us

Africa & Middle East

နှစ်ရက်အတွင်း ပါကစ္စတန်နိုင်ငံမှ နေရပ်ပြန်အာဖဂန်နိုင်ငံသား ၉၀၀ ကျော်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်ရှိ တော်ခမ်းနယ်စပ်ဂိတ်၌ ဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဧပြီ ၂၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ရက်ကျော်အတွင်း အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှ မွေးရပ်ဌာနေ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လာသည့် နေရပ်ပြန် ၉၀၀ ကျော် ရှိကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက မေ ၃၁ ရက်ထုတ်ပြန်ချက်တွင် ပြောကြားသည်။

အဆိုပါဒုက္ခသည်များသည် တော်ခမ်းနှင့် စပင်ဘော်ဒတ်နယ်စပ် မြို့တို့မှတစ်ဆင့် အာဖဂန်နိုင်ငံသို့ပြန်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဖဂန်အိမ်စောင့်အစိုးရသည် နယ်စပ်ဖြတ်ကျော်နေရာများတွင် နေရပ်ပြန်မိသားစုများထံသို့ ယာယီအမိုးအကာများနှင့် အခြားမရှိမဖြစ် လိုအပ်သည့်အကူအညီအထောက်အပံ့များအပါအဝင် လိုအပ်သည့် ထောက်ပံ့မှုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မတ် ၂၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၁၉ ရက်အထိ အိမ်နီးချင်း ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့မှ အာဖဂန်နေရပ်ပြန် ၁.၅ သန်းကျော် ပြန်လာခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဖဂန်အိမ်စောင့်အစိုးရသည် ပြည်ပ၌နေထိုင်သည့် အာဖဂန် ရွှေ့ပြောင်းနေထိုင်သူများကို နေရပ်သို့ပြန်လာရန်နှင့် မိမိတို့စစ်ဘေးသင့်နိုင်ငံ ပြန်လည်တည်ဆောက်ရာတွင် ပါဝင်ကူညီရန် တိုက်တွန်းထား ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Over 900 Afghan refugees return home from Pakistan in 2 days
KABUL, May 31 (Xinhua) — Over 900 Afghan refugees have returned to their homeland of Afghanistan from neighboring Pakistan over the past two days, the country’s Ministry of Refugees and Repatriation said in a statement Friday.
The refugees returned via Torkham and Spin Boldak border crossing points, according to the statement.
It added that the Afghan caretaker government has provided necessary facilities, including temporary shelters and other essential aid packages to the returnee’s families at the crossing points.
According to the ministry’s report, more than 1.5 million Afghan refugees have returned from neighboring Pakistan and Iran over the past year from March 21, 2023 to March 19, 2024.
The Afghan caretaker government has been urging Afghan migrants living abroad to return home and contribute to rebuilding their war-ravaged country. ■

This photo taken on April 21, 2024 shows refugees at the Torkham border crossing point in east Afghanistan’s Nangarhar Province. (Photo by Aimal Zahir/Xinhua)