Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လာမည့်ငါးရက်အတွင်း အပူလှိုင်းဖြတ်မည်

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နာဂွန်ခရိုင် ကာသီယာတိုလီမြို့အနီး ဘိုကလန်ကျေးရွာရှိ ခြောက်‌သွေ့နေသော ‌ရေကန်ကြမ်းပြင်တွင် စက်ဘီးတစ်စီးနှင့် လမ်းလျှောက်လာသူအား ၂၀၂၄ ခုနှစ် မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လာမည့်ငါးရက်အတွင်း အလွန်ပြင်းထန်သော အပူလှိုင်းဖြတ်သန်းနိုင်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) က ဇွန် ၁၀ ရက်က ပြောကြားခဲ့သည်။ ဥတာပရာဒက်ရှ်ရှိ ဒေသများစွာ၊ မာဒရာပရာဒက်ရှ်၊ ဟာယာနာ၊ ဘီဟာနှင့် ဂူဂျာရတ် စသည့်ပြည်နယ်များရှိ ဒေသအချို့တွင် ဇွန် ၉ ရက် အပူချိန်မှာ ၄၂ မှ ၄၅ ဒီဂရီဆဲလ်စီးယပ်စ်ရှိခဲ့ကြောင်း IMD က ပြောခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Uft
——————————–
Heat wave to hit northwest, east India in 5 days
NEW DELHI, June 11 (Xinhua) — Indian Meteorological Department (IMD) on Monday said heat wave to severe heat wave conditions are likely to hit the South Asian country’s northwest and east in the next five days. The IMD said on Sunday maximum temperatures were in the range of 42-45 degrees Celsius in many parts of Uttar Pradesh, Delhi, in some parts of north Madhya Pradesh, Haryana, Bihar and Gujarat.
Photo: A man walks his bicycle across the dry bed of a lake at Boklung village near Kathiatoli town in Nagaon district of India’s northeastern state of Assam, May 3, 2024. (Str/Xinhua)