Connect with us

Africa & Middle East

ကူဝိတ်နိုင်ငံတောင်ပိုင်း၌ မီးလောင်၊ လူ ၄၁ ဦးထက်မနည်းသေဆုံး

ကူဝိတ်နိုင်ငံ Ahmadi ဒေသရှိ ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသူများကို ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံတောင်ပိုင်း မန်ဂတ်ဖ်မြို့တွင် ဇွန် ၁၂ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၁ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများပြားကြောင်း ပြည်ထဲရေးဝန်ကြီး ရှိတ်ခ်ဖာဟတ်ယူဆက်ဖ်အယ်-ဆာဘတ်က ပြောသည်။
မီးလောင်မှုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့သည်ဟု ၎င်းက ကူဝိတ်ရုပ်သံလိုင်းသို့ပြောကြားသည်။

အဆောက်အအုံပိုင်ရှင် အပါအဝင် အဆိုပါဖြစ်ရပ်တွင် ပါဝင်သူများအားလုံးကို မူခင်းဆေးစစ်အဖွဲ့မှ စစ်ဆေးမှုမပြီးမချင်း ဖမ်းဆီးထိန်းသိမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောသည်။
အလုပ်သမားအများစုနေထိုင်ရာ ခြောက်ထပ်လူနေ အဆောက်အအုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူး မိုဟာမက်အယ်ဂဟာရစ်ကပြောသည်။
သေဆုံးသူ အများစုမှာ အိပ်ပျော်နေစဉ်အတွင်း မီးခိုးငွေ့ရှူရှိုက်မိခြင်းကြောင့် သေဆုံးခြင်းဖြစ်သည်။

နေထိုင်သူအများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါအဆောက်အအုံတွင် အလုပ်သမား ၁၆၀ ခန့်နေထိုင်ပြီး အများစုမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြသည်ဟု သိရသည်။ (Xinhua)


………………………………………
(English Version)
Fire in S. Kuwait kills at least 41 people
KUWAIT CITY, June 12 (Xinhua) — A fire broke out Wednesday morning in the Mangaf area in southern Kuwait, resulting in at least 41 fatalities and dozens of injuries, according to the First Deputy Prime Minister, Minister of Defense and Minister of Interior Sheikh Fahad Yusuf Al-Sabah.
“41 people have died so far,” he said in a statement broadcasted by Kuwait TV, attributing the tragedy to the “greed and avarice of company and building owners.”
The minister also ordered the detention of individuals involved, including the building owner, until the forensic evidence team completes its investigation.
Mohammed Al-Gharib, director of public relations at the General Fire Force, said in a statement that the fire broke out in a six-story residential building densely populated with labor workers.
The majority of fatalities were attributed to smoke inhalation during sleep, while many of the residents were evacuated from the building, added Al-Gharib.
According to the sources, around 160 workers were inside the building, with many of the fatalities being of Indian nationality. ■
People receive medical treatment at a hospital in Ahmadi Governorate, Kuwait, June 12, 2024. (Photo by Asad/Xinhua)