Connect with us

Europe

ရုရှားရေတပ်မှ စစ်သင်္ဘောများ ကျူးဘားသို့သွားရောက်၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့

ရုရှားနျူကလီးယားစွမ်းအင်သုံး ကာဇန်ရေငုပ်သင်္ဘော ကျူးဘားနိုင်ငံ ဟာမားနားမြို့ရှိ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည်ကို ၂၀၂၄ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

ရုရှားရေတပ်မှ နျူကလီယားစွမ်းအင်သုံး ကာဇန်အမည်ရှိ ရေငုပ်သင်္ဘောနှင့် အက်မိုင်ရယ်ဂေါ့ရှ်ကော့ပ် ဖရီးဂိတ်စစ်သင်္ဘောတို့သည် ကျူးဘားနိုင်ငံသို့ဦးတည်သွားရောက်နေစဉ် အတ္တလန္တိတ် သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ သတင်းထုတ်ပြန်ထားသည်။


အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွင်း ကာဇန်ရေငုပ်သင်္ဘောနှင့် အက်မိုင်ရယ်ဂေါ့ရှ်ကော့ပ်တို့သည် မိုင်ပေါင်း ၃၇၀ အကွာရှိ ပစ်မှတ်တုကို ဒုံးကျည်များဖြင့် တိကျစွာပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကြေညာချက်၌ ဖော်ပြထားသည်။ကာဇန်ရေငုပ်သင်္ဘောနှင့် အက်မိုင်ရယ်ဂေါ့ရှ်ကော့ပ်တို့သည် ကျူးဘားနိုင်ငံသို့ ဦးတည်သွားရောက်နေသည့် ရုရှားရေတပ် သင်္ဘောအုပ်စု၌ပါဝင်သော စစ်ရေယာဉ်များဖြစ်ကြသည်။
အဆိုပါ ရုရှားရေတပ်စစ်သင်္ဘောအုပ်စုသည် ယင်းတွင် ကျူးဘားနိုင်ငံသို့ ရောက်ရှိနိုင်ပြီး ယူကရိန်းစစ်ပွဲကို အကြောင်းပြု၍ ရုရှားနှင့် အမေရိကန်နိုင်ငံတို့ကြား ဆက်ဆံရေး တင်းမာနေချိန်တွင် ကျူးဘားနိုင်ငံသို့ ရုရှားရေတပ်သင်္ဘောအုပ်စု လာရောက်နေခြင်းဖြစ်သည်။
ကျူးဘားနိုင်ငံသို့ ရောက်ရှိလာမည့် ရုရှားရေတပ် အုပ်စုကို ခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားခြင်းမရှိသော်လည်း မိမိတို့အနေဖြင့် အနီးကပ်စောင့်ကြည့်နေမည်ဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်းသိရသည်။ (Xinhua)
……………………….
(English Version)
Russian warships arrive at Havana port after drills
MOSCOW, June 12 (Xinhua) — A detachment of Russian warships arrived at the port of Havana, Cuba, on Wednesday after completing exercises on using high-precision weapons, the Russian Defense Ministry said.
The ministry said these ships, belonging to the Northern Fleet, have arrived at the port on an “unofficial visit.” They include a nuclear-powered submarine and a frigate with modern weapons on board.
Before entering the Havana port, the ships conducted computer-simulated exercises, practicing high-precision missile strikes against naval targets representing a mock enemy over 600 km away, according to the ministry.
In the coming days, the crews of the ships and support vessels will participate in several protocol events, have the opportunity to rest, and explore local attractions, the ministry said.
The Cuban Foreign Ministry said on Tuesday that the Russian warships would visit the port of Havana from Wednesday to Monday, and the visit is within the framework of “historically friendly relations between Cuba and Russia.” ■
Russian nuclear-powered submarine Kazan arrives at the port of Havana, Cuba, June 12, 2024.