Connect with us

China

တောင်တရုတ်ပင်လယ်ရှိ သင်္ဘောပျက်များထံမှ အမွေအနှစ်ပစ္စည်း အပိုင်းအစ ၉၀၀ ကျော် ပြန်လည်ဆယ်ယူ

တရုတ်နိုင်ငံ၏ Shenhai Yongshi ရေငုပ်သင်္ဘောကို ပင်လယ်ပြင် ရှေးဟောင်းသုတေသန လေ့လာစစ်ဆေးမှု လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (NCHA/Handout via Xinhua)

ဟိုင်ခို၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတွေ့ရှိထားသည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းပေါ် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း အစိတ်အပိုင်း ၉၀၀ ကျော် ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုဦးစီးဌာန (NCHA) က ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ သုတေသနအင်စတီကျုများနှင့် ဒေသန္တရပြတိုက်တစ်ခုတို့က ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ပူးပေါင်းကြိုးပမ်းအားထုတ်မှုများဖြင့် ထိုသို့ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။ အမှတ် ၁ သင်္ဘောပျက်ပေါ်မှ ကြွေထည်နှင့် အိုးထည်ပစ္စည်းများ၊ ကြေးအကြွေစေ့များ အပါအဝင် စုစုပေါင်း အမွေအနှစ် အစိတ်အပိုင်း ၈၉၀ နှင့် အမှတ် ၂ သင်္ဘောပျက်ပေါ်မှ ပရိဘောဂအဟောင်း၊ ကြွေထည်နှင့် အိုးထည်ပစ္စည်းများ၊ ခရုခွံများ၊ သမင်ဦးချို စသည်တို့ အပါအဝင် ရှေးဟောင်းအမွေအနှစ် ၃၈ ခု တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)


………………………………
(English Version)
Over 900 pieces of relics retrieved from shipwrecks in South China Sea
HAIKOU, June 13 (Xinhua) — More than 900 pieces of cultural relics have been retrieved from two ancient shipwrecks discovered in the South China Sea, the National Cultural Heritage Administration (NCHA) said Thursday.
The excavation, conducted from 2023 to 2024, was a joint effort by research institutes and a local museum, according to a press briefing held in south China’s Hainan Province. A total of 890 pieces of relics were excavated from the No. 1 shipwreck, including porcelain and pottery items, as well as copper coins. From the No. 2 shipwreck, 38 ancient artifacts were retrieved, including lumber, porcelain and pottery products, turban shells, and deer antlers.
Photo 1: This undated file photo shows the manned submersible Shenhai Yongshi (Deep Sea Warrior) conducting a dive for deep-sea archaeological investigation. (NCHA/Handout via Xinhua)