Connect with us

Europe

ဆင်ဟွာနှင့် PA မီဒီယာဂရု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် PA မီဒီယာဂရု အမှုဆောင်အရာရှိချုပ် Emily Shelley တို့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၄ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ဆုံမှုအတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာနှင့် ဗြိတိန်နိုင်ငံ PA မီဒီယာဂရု အမှုဆောင်အရာရှိချုပ် Emily Shelley တို့သည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လန်ဒန်မြို့တွင် ဇွန် ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
PA မီဒီယာဂရုသည် ဆင်ဟွာ၏ အရေးပါသောမိတ်ဖက်အဖြစ် အစဉ်အမြဲရှိကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းအနေဖြင့် ဓာတ်ပုံအေးဂျင့်ဝန်ဆောင်မှု စသဖြင့် နယ်ပယ်များ၌ အောင်မြင်သော ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ဖုက Shelley နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဖက်အဖွဲ့များအနေဖြင့် ဖလှယ်မှုအားကောင်းရေး၊ တရုတ်-ဗြိတိန် ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု သတင်းကောင်းများကို ပူးတွဲဖော်ပြနိုင်ရေး၊ ဉာဏ်ရည်တုနှင့် အခြားနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး မူဘောင်အရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် မျှော်လင့်ကြောင်း ဖုက ဆိုသည်။
PA မီဒီယာဂရု အမှုဆောင်အရာရှိချုပ် Emily Shelley က ဖု၏ ခရီးစဉ်ကို ကြိုဆိုကြောင်း၊ PA မီဒီယာဂရုနှင့် ဆင်ဟွာတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ထင်ရှားသောရလဒ်များလည်း ရရှိခဲ့ကြောင်း၊ ဆင်ဟွာသည် ဉာဏ်ရည်တု၊ လူမှုမီဒီယာနှင့် အခြားနယ်ပယ်များ၌ အထင်ကြီးဖွယ်‌အောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
PA မီဒီယာဂရုအနေဖြင့်လည်း ဆင်ဟွာနှင့်အတူ ရှိရင်းစွဲပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံ၍ မိတ်ဖက်ဆောင်ရွက်မှု မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ယင်းနေ့တွင်ပင် လန်ဒန်မြို့ရှိ Reuters ဗျူရိုသို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Xinhua, PA Media Group sign MoU on cooperation
LONDON, June 17 (Xinhua) — President of Xinhua News Agency Fu Hua and Emily Shelley, chief executive officer of Britain’s PA Media Group, on Monday signed here a memorandum of understanding (MoU) on deepening bilateral cooperation.
During a meeting with Shelley, Fu said the PA Media Group has always been an important partner of Xinhua, and the two sides have had fruitful cooperation in fields such as photo agent service.
He expressed the hope that the two sides strengthen exchanges, jointly tell good stories of China-Britain exchanges and cooperation, expand cooperation in artificial intelligence and other fields on the existing basis, and enhance collaboration under the framework of the World Media Summit.
Shelley extended a warm welcome to Fu’s visit. She said the cooperation between the PA Media Group and Xinhua has yielded remarkable results, and that Xinhua has made impressive achievements in artificial intelligence, social media, and other fields.
The PA Media Group looks forward to promoting the partnership with Xinhua based on existing cooperation, she added.
On the same day, Fu also visited Reuters’ bureau in London.
Photo: President of Xinhua News Agency Fu Hua and Emily Shelley, chief executive officer of Britain’s PA Media Group, sign a memorandum of understanding (MoU) on deepening bilateral cooperation during a meeting in London, Britain, June 17, 2024. (Xinhua/Li Ying)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.