Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ နေပြည်တော်တွင် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ကျင်းပမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့ လမ်းနံဘေးတစ်နေရာရှိ ရေကန်တစ်ခုတွင် ဆော့ကစားနေသော က‌လေးငယ်များကို ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ တွင် ကျင်းပမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအား ကိုးကား၍ နိုင်ငံပိုင်မီဒီယာ MRTV က ဇွန် ၂ ရက်၌ သတင်းဖော်ပြခဲ့သည်။၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းရေး၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး၊ မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအပေါ် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အခမ်းအနားကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တွန်းအားပေးရန်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုများအား နားလည်သဘောပေါက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများပျံ့နှံ့လာစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လာမာလာအောင်က MRTV ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဗီဒီယိုပြကွက်များ ပြသခြင်း၊ အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ‌ပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း၊ တက္ကသိုလ်အဆင့် ဆောင်းပါးများနှင့် စာစီစာကုံးပြိုင်ပွဲများ၊ ဆုချီးမြှင့်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar to hold World Environment Day ceremony in Nay Pyi Taw
YANGON, June 2 (Xinhua) — Myanmar will hold the commemoration ceremony of the World Environment Day, which falls on June 5, at the Myanmar International Convention Center 2 in Nay Pyi Taw, the state-run media Myanmar Radio and Television (MRTV) reported on Sunday, citing the Environmental Conservation Department.
The 2024 World Environment Day focuses on land restoration, desertification and drought resilience, the report said.
Director of the Environmental Conservation Department, Marlar Aung expressed in an interview with MRTV that the main purpose of this ceremony is to encourage the public to focus on environmental conservation, recognize environmental damages, and spread knowledge about environmental issues.
Activities for World Environment Day will include showing educational video clips on environmental conservation, hosting a talk show, and displaying posters, distributing pamphlets and awarding the winners of the World Environment Day articles and essays competition to commemorate the occasion, Marlar Aung said.
Photo: Children plays in a pond at the roadside in Yangon, Myanmar, June 5, 2020. (Xinhua/U Aung)