Connect with us

Asia

ဗီယက်နမ်နှင့် ရုရှား နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုင်းမှုရှိစေရန် ကတိပြု

ဗီယက်နမ်နိုင်ငံ သမ္မတ To Lam နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇွန် ၂၀ ရက်က လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - VNA/Handout via Xinhua)

ဟနွိုင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံ သမ္မတ၏ ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်အမြောက်အမြားကို လက်မှတ်ရေးထိုးခဲ့ပြီး ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် သဘောတူခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ခရီးစဉ်အတွင်း ပူတင်သည် ဗီယက်နမ် သမ္မတ To Lam နှင့် တွေ့ဆုံဆွေးနွေးခဲ့သလို ပညာရေးနှင့် တရားစီရင်ရေး အပါအဝင် နယ်ပယ်များ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များစွာ လက်မှတ်ရေးထိုးခြင်းကိုလည်း သက်သေပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Vietnam, Russia pledge to deepen bilateral ties
HANOI, June 21 (Xinhua) — Vietnam and Russia signed multiple cooperation documents and agreed to further deepen their comprehensive strategic partnership on Thursday during Russian President Vladimir Putin’s state visit to Vietnam, Vietnam News Agency reported.
During the visit, Putin talked with his Vietnamese counterpart To Lam and both witnessed the signing of the multiple bilateral cooperation documents in the fields including education and judiciary.
Photo: Vietnamese President To Lam shakes hands with Russian President Vladimir Putin in Hanoi, Vietnam, June 20, 2024. (VNA/Handout via Xinhua)