Connect with us

International Organizations

ကမ္ဘာကြီးအနေဖြင့် ဒုက္ခသည်များကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ကုလအကြီးအကဲ တိုက်တွန်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Evan Schneider/UN Photo/Handout via Xinhua)

ကုလသမဂ္ဂ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘာတစ်ဝန်း ဒုက္ခသည် ၄၃.၄ သန်းကို ကာကွယ်ပေးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇွန် ၂၀ ရက် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့သည်။
“ဆူဒန်မှ ယူကရိန်း၊ အရှေ့အလယ်ပိုင်းမှ မြန်မာနိုင်ငံ၊ ကွန်ဂိုနိုင်ငံ (DRC) နဲ့ အခြားနိုင်ငံတွေ၊ ပဋိပက္ခ၊ ရာသီဥတုဖောက်ပြန်မှုနဲ့ ပုံမှန်မဖြစ်မှုတွေက လူအမြောက်အမြားကို သူတို့နေအိမ်တွေကနေ အတင်းအကျပ် ရွှေ့ပြောင်းရတဲ့ အရေအတွက် စံချိန်တင်ဖြစ်လာပြီး အကြီးအကျယ်ခံစားနေကြရတယ်” ဟု ဂူတာရက်စ်က ဆိုသည်။ နောက်ဆုံးရအချက်အလက်များအရ ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည် ၄၃.၅ သန်း အပါအဝင် စုစုပေါင်း လူဦးရေ သန်း ၁၂၀ ကျော်မှာ အတင်းအကျပ်ရွှေ့ပြောင်းခံနေရကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
UN chief calls for global efforts to protect refugees
UNITED NATIONS, June 20 (Xinhua) — UN Secretary-General Antonio Guterres on Thursday called for global efforts to protect the 43.4 million refugees across the globe in a video message on World Refugee Day.
“From Sudan to Ukraine, from the Middle East to Myanmar to the Democratic Republic of the Congo and beyond, conflict, climate chaos and upheaval are forcing record numbers of people from their homes and fueling profound human suffering,” Guterres said. According to the latest figures, a total of more than 120 million people around the world are forcibly displaced, including 43.5 million refugees.
Photo: UN Secretary-General Antonio Guterres briefs the General Assembly on his report on the Global Compact for Migration at the UN headquarters in New York, on Feb. 16, 2022. (Evan Schneider/UN Photo/Handout via Xinhua)